<zawgyi>
သတိမရှိသော Dolly အား သူ့ပေါင်ပေါ်တွင် လဲလျောင်းမှေးစက်နေစေပြီး ဘီးတစ်လိမ့်ချင်းရွေ့နေသော ကားကိုသာ စိတ်မရှည်စွာလောနေမိသော Jimin ၏ မျက်နှာသည် သူမ ထက်ပင် ပို၍ ဖြူဖျော့နေရှာသည်။
“တစ်ခြားလမ်းက ထွက်ပါဗျာ!”
နီးစပ်ရာဆေးရုံ မြန်မြန်ရောက်စေချင်ပေမယ့် လေးဘက်လေးလံလှုပ်မရသည့် အနေအထားမို့ ဘာမှမတတ်နိုင်…။ သတိရလာလိုရလာငြား သူမ၏ပါးကလေးကိုသာ ဖွဖွလေး ပုတ်ပေးနေမိသည်။
**Rrrr… Rrrr… Rrrr…**
**Rrrr… Rrrr… Rrrr…**
**Rrrr… Rrrr… Rrrr…**
ကြံရာမရဖြစ်နေချိန် Dolly အိတ်ထဲမှ အဆက်မပြတ် တုန်ခါနေသော ဖုန်းအား သတိထားမိလိုက်သည်နှင့် Jimin အမြန်ထုတ်ကိုင်လိုက်သည်။
“Yahh!!! Choi Dolly ငါတို့ ဖုန်းခေါ်နေတာ ဘယ်နှစ်ခေါက်ရှိနေပြီလဲ သိလား?”
“ညီမတို့ရေ... Dolly မေ့လဲသွားလို့”
ဖုန်းဖြေသူ Jimin ၏ မတည်ငြိမ်သောအသံကြောင့် ဖုန်းတစ်ဖက်မှ Jaeun ခမျာ ခဏနှုတ်ဆိတ်သွား၏။ သူငယ်ချင်းရဲ့ချစ်သူဖြစ်သော်ငြား ကိုယ့်အိုင်ဒေါလည်းဖြစ်နေတော့ ဖုန်းပြောခွင့်ရတာက ပျော်စရာဆိုပေမယ့် ကြားလိုက်ရသည်ကတော့ ထိတ်လန့်စရာ…။
“ရှင်? Dolly ဘာဖြစ်တယ်?”
“ခုနက ပြေးနေရင်း လဲကျသွားလို့…။ အခုဆေးရုံကို ခေါ်သွားနေပြီ”
မေ့လဲသည့်ကိစ္စထက် ဆေးရုံလို့ကြားလိုက်ရတာက Jaeun ကို ပို၍ထိတ်ပြာသွားစေသည်မို့ ထိတ်ခနဲဖြစ်သွားသော ရင်အစုံနှင့်အတူ အလန့်တကြား တားလိုက်မိသည်။
“မဖြစ်ဘူး!!! မသွားနဲ့”
“အခုထိတောင် သတိပြန်မရသေးတာကို ဆေးရုံမပို့လို့ ရမလား! တော်ကြာတစ်ခုခု…”
အနည်းငယ် မာထန်သွားသော Jimin အသံကိုရိပ်မိသည့် Jaeun လည်း စကားကို အဆင်ပြေအောင် ပြန်ရှင်းရတော့လေသည်။
“အာ… အဲ့ဒါကလေ… သူ့ဆေးမှတ်တမ်းတွေက ပင်တိုင်ဆရာဝန်ဆီမှာပဲ ရှိလို့ပါ…။ ဒီလိုလုပ် oppa… ညီမပြောတဲ့ နေရာကိုလာခဲ့…။ အဲ့မှာ ညီမတို့ ကြိုစောင့်နေလိုက်မယ်နော်…။ လိပ်စာက…”
