<zawgyi>
Flashback~
လွန်ခဲ့သော နှစ်နာရီ…
Bighit Dance Practice Room ထဲဝယ်... သီချင်းအသစ် ကကွက်အား အကုန်စုပြီး Rehersal မလုပ်သေးခင် ကိုယ့်ကကွက်ကို သီးခြားစီလေ့ကျင့်နေကြသည့် မန်ဘာများ…။
Dance Captain Hoseok ၏ သင်ပြမှုကို လိုက်နာ၍ ကြိုးစားကခုန်နေကြသော BTS ၏ အတောင်နှစ်ဖက် Namjoon နှင့် Seokjin…။
ကနေရင်း Namjoon ထံမှ ဒုန်းခနဲ ဒိုင်းခနဲထွက်လာတတ်သော မဟာဒူးတို့ တံတောင်တို့ကို ပတ်ရှောင်နေရသည်မို့ နှစ်ယောက်သားမှာ Namjoon က ပိုကြိုးစားလေ Seokjin က ပိုအာရုံမစိုက်နိုင်လေ…။
ဒူးလေးနဲ့တိုက်မိရုံလောက် ဘာမှမဖြစ်ပါဘူးဆိုပြီး စိတ်ချလက်ချနေလို့ မရနိုင်လောက်အောင် အတွေ့အကြုံတွေကလည်း ရှိဖူးပြီးသားမို့ Comeback မှာ World Wide Handsome ပတ်တီးနဲ့ ဖြစ်မနေရလေအောင် ရှောင်နိုင်မှ တော်ခါကျပေလိမ့်မည်။
ထိုအချိန် အခန်းထောင့်မှာ နှုတ်ခမ်းဟလျက်သားဖြင့် ငုတ်တုတ်ထိုင်နေသော Yoongi မှာတော့ ရှိသမျှအား သုံးလိုက်ပြီးပြီမို့ ကျောက်တုံးအသွင်ဆောင်ကာ အားဖြည့်နေ၏။
မလှမ်းမကမ်းတွင်တော့ အငယ်နှစ်ကောင် Jungkook နှင့် Taehyung…။ နည်းမျိုးစုံကြိုးစားကြည့်သော်လည်း ခုထိသဘာဝမကျသေးသော စစချင်းအဖွင့်ကကွက်အား အပြင်းအထန် လေ့ကျင့်နေကြ၏။
သူတို့နှင့် ကပ်လျက်တွင်တော့ သူ့ရဲ့ အဓိက ကကွက်အား စိတ်တိုင်းမကျမချင်း ထပ်တလဲလဲ လေ့ကျင့်နေသည့် Jimin…။ စိတ်ထဲက တစ်ထောင့်တစ်နေရာမှာလည်း Dolly အတွက်စိုးရိမ်စိတ်တို့က ကိန်းအောင်းနေတာမို့ ဒီလောက်အချိန်အကြာကြီး လေ့ကျင့်နေတာတောင် အခုထိလိုချင်သလိုပုံစံ မရသေး…။
အာရုံထွေပြားနေမှုက အကဘက်တွင် အားရုံစူးစိုက်နိုင်မှုအား သိသိသာသာ လျော့ကျစေတာမို့ အကတွင် အလုပ်တွင် လောဘရှိသူပီပီ ဒေါသကထွက်လာသည်။
သို့သော် သူမကို မစိုးရိမ်ဘဲတော့လည်း မနေနိုင်…။
သူမ ကိစ္စတွေကို သိရှိပြီးသည့်နောက် စိတ်မပူဘဲ နေနိုင်ဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်…။
![](https://img.wattpad.com/cover/176920541-288-k698550.jpg)