<Unicode>
Dance Studio ထဲတွင်...
"Taehyung... Good!! ရပြီ... Jin နဲ့ RM က ဘေးနှစ်ဖက်ကို အတောင်ပံလို နည်းနည်းဖြန့်ပြီး ပိုအားထည့်ကြည့်ဦး..."
"ဟုတ်..."
Choreography ဆရာမှ ခွင့်ပြုသဖြင့် Taehyung ဘေးသို့ ဖယ်ထွက်ကာ နံရံကိုမှီလျက် ထိုင်ချပစ်လိုက်သည်။
ရေတစ်ငုံသောက်လိုက်သော်လည်း အမောမပြေသေးသဖြင့် အသက်ကို ရှိုက်ကာ ရှိုက်ကာ ရှူရင်း မျက်လုံးများကို ခဏ မှိတ်စင်းထားလိုက်သည်။
Taehyung အတွက် ဒီရက်ပိုင်း အသက်ရှင်နေရသည်မှာ ရည်ရွယ်ချက် ပျောက်ဆုံးနေပြန်သည်။ မျှော်လင့်ချက်ရယ်လို့လည်း ရေရေရာရာမရှိဘဲ အလုပ်ကိုသာ ဖိလုပ်နေမိသည်။
"ဟူး..."
အဘယ်ကြောင့်ဆိုသော် ခုလိုဘာမှမတွေးနိုင်အောင် မောပန်းနေခြင်းက သက်သက်သာသာနေပြီး အတွေးနှင့် ငရဲကျနေခြင်းထက် ပိုကောင်းနေခြင်းကြောင့်ပင်။
ဟိုတစ်ခါပြဿနာ ဖြစ်ပြီးကတည်းက Jimin ၏ သူ့အပေါ် ဆက်ဆံပုံကလည်း တစ်နေ့လျှင် ပုံစံတစ်မျိုး ဖြစ်နေခဲ့သည်။ တစ်ရက်တွင် ဖော်ရွေပြီး အခြားတစ်ရက်တွင်တော့ ရန်လိုနေခဲ့သည်။
Jimin လည်း သူ့လိုပဲ ဖြစ်နေလိမ့်မလား။ တပ်အပ်မပြောနိုင်သော်လည်း အတွင်းသိအဆင်းသိ သူငယ်ချင်းဖြစ်နေလေတော့ သူ့အလိုလို ခံစားမိနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ Jimin ကို သူနားလည်ပေးနိုင်ပါသည်။ သူ့ချစ်သူကို မှိုချိုးမျှစ်ချိုးပြောခဲ့တဲ့ကောင်ကို အဖွဲ့မျက်နှာကြောင့်သာ မဟုတ်ပါက ဒီလို ဘယ်ကြည့်နေနိုင်ပါ့မလဲ။ ပြီးတော့ နှစ်ယောက်ကြားမှာ ရှင်းမရတော့တဲ့ ပြဿနာတွေလည်း များနေခဲ့ပြီ။ Jimin ကလည်း မမေးတော့သလို Taehyung ကလည်း စကားမစချင်ခဲ့...။
သေချာတာကတော့ သူသာ Jimin နေရာမှာဆို ဒီလိုသဘောထားကြီးနေနိုင်မည်မဟုတ်ပေ။
Jimin အကြောင်းတွေးနေရင်းမှ မနက်အစောက Jimin နှင့် စကားစမြည်ပြောခဲ့သည်များကို ပြန်လည်ကြားယောင်လာမိသည်။
'Taehyung... တချို့ကိစ္စတွေမှာ မင်းသတ္တိရှိသင့်တယ်... မင်းနဲ့ငါက ရည်ရွယ်ချက်ချင်း တူနေရင်တောင် ခံယူချက်ချင်းက မတူနေဘူး... ငါ... ငါကတော့ သတ္တိရှိဖို့ ရွေးချယ်လိုက်ပြီ... ငါနဲ့မသက်ဆိုင်တဲ့အရာကို ဆက်ပြီး ဖက်တွယ်မနေတော့ဘူး... အထူးသဖြင့် အခြေအနေအမှန်ကို သိလိုက်ရပြီးတဲ့ အခါမှာပေါ့... တကယ်တော့ကွာ... တစ်ခါတလေကျ ကိုယ့်ဘက်က တစ်ဖက်သတ် အကောင်းဆုံးလို့ မှတ်ယူထားခဲ့တဲ့အရာက တစ်ဖက်လူအတွက်ကျ ဖိအားတစ်ခုဖြစ်နေနိုင်တယ်...'
![](https://img.wattpad.com/cover/176920541-288-k698550.jpg)