💜40💜

1K 108 28
                                    


<zawgyi>


Dolly စာမေးပွဲဖြေတဲ့နေ့ Jimin တို့ကတော့ ခရီးမထွက်ခင် နေ့လယ်ကနေ ညနေအထိ ရိုက်ကူးရေးတစ်ခုရှိနေသည်။

Taehyung ၏ အပြုံးမဲ့မျက်နှာက ယနေ့ Shooting ရဲ့ dark theme နဲ့ ကွက်တိမို့ တစ်ကိုယ်တော်ရိုက်ကူးချိန်တွင် ကင်မရာဒါရိုက်တာထံမှ ချီးမွမ်းသံများမှာ မကြားချင်မှအဆုံး...။ ထိုအချိန် ဆက်တိုက်မြည်နေသည့် သူ့ဖုန်းလေးက မန်နေဂျာ Sejin ၏ လက်ထဲတွင်...။

အလှည့်ပြီးလို့ သူ့လက်ထဲပြန်ရောက်တော့ Miss call များက တန်းစီနေနှင့်ပြီ...။

"ဗျာ!!!"

အခန်းထောင့်လေးမှာဖုန်းသွားပြောနေသည့် Taehyung ထံမှ အာမေဍိတ်သံကျယ်ကျယ်က Toilet သွားတဲ့ Jimin နဲ့ အပြင်ဖုန်းတစ်ခု သွားဖြေနေတဲ့ Jungkook တို့ကလွဲပြီး ကျန်သူများကို လန့်ဖြန့်သွားစေ၏။

"အခြေအနေစိုးရိမ်ရလား?... ... ... ... အခု ကျွန်တော်လာလို့မရဘူး အွန်မား!!!... ... ညကျရင်လည်း Mediterranean Sea ကိုသွားရတော့မှာ​လေ!... ... အာ... ကျွန်တော် ဘယ်လိုလုပ်ရင်ကောင်းမလဲ?"

ကြံရာမရနှင့် လက်သည်းကို ဖိကိုက်ကာ တစ်ယောက်တည်း ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ပြာယာခတ်နေသည့် Taehyung အနား မန်နေဂျာရောက်လာချိန် သူ့မျက်အိမ်ကျယ်ကြီးမှာ မျက်ရည်ကဝိုင်းနေပြီ...။

"ဘာဖြစ်လို့လဲ Taehyung?"

"ကျွန်တော့်အဖိုး... အဖိုး ဆေးရုံတက်ရလို့တဲ့"

"ဟာ... အခုဘယ်လိုလုပ်ကြမလဲ? မင်းဘာလုပ်ချင်လဲ?"

"ကျွန်တော်လည်း မသိတော့ပါဘူးဗျာ"

"Taehyung စိတ်ကို ငြိမ်ငြိမ်ထား! နေဦး... ငါအချိန်ကြည့်လိုက်ဦးမယ်"

နဂိုကမှ ခပ်ယဲ့ယဲ့လေးရှိတာကို အခုတော့ တစ်ပူပေါ်နှစ်ပူပေါ်ဆင့်ဖြစ်သွားတာမို့ Taehyung အတွက်စိုးရိမ်ပြီး ထူပူသွားတဲ့ မန်နေဂျာလည်း ပြာသွား၏။

ဒီနေ့ကျမှပဲ ဖျက်မရတဲ့ Shooting နဲ့ လာတိုးနေတာခက်ချေပြီ...။ တကယ်လို့ Shooting ပျက်သွားရင် ပြန်အစားထိုးပေးဖို့လည်း အချိန်က မရှိတော့ဘူးလေ...။ ညနေလွတ်တဲ့အချိန်လေးကလည်း ဒယ်ဂူအထိသွားရင် ညလေယာဉ်အမှီပြန်လာဖို့ မဖြစ်နိုင်တာ Taehyung ရော Sejin ရော အသိပေပဲ...။

Love Between LiesWhere stories live. Discover now