Paris Concert အပြီး BTS အဖွဲ့ကိုရီးယားသို့ ပြန်လည်ရောက်ရှိလာပေမယ့် မပြီးနိုင်မစီးနိုင် Schedule များကြား မန်ဘာတွေမှာ တစ်ရက်တစ်လေမှ စိတ်လွတ်ကိုယ်လွတ် နားခွင့်မရကြ...။
Paris Concert မတိုင်ခင်ကတည်းက အဖျားပိုးဝင်နေခဲ့တဲ့ Taehyung မှာလည်း အဖျားက အကင်းပျောက်သွားတယ်ရယ်လို့မရှိဘဲ ပျောက်သလိုလိုရှိလိုက် ပြန်ထဖျားလိုက်နဲ့ လုံးလည်ပတ်ချာလိုက်နေ၏။ ကိုယ့်နိုင်ငံကိုယ်ပြန်ရောက်ပြီဆိုပြီး စိတ်အေးသက်သာနဲ့ ဆေးမသောက်ဘဲ ပေတေနေခြင်းရယ်... ပင်ပန်းတာရယ်... ပင်ပန်းလို့ဆိုပြီး မအိပ်ခင်ရေစိမ်နေတာကြောင့်ရယ် အကုန်ပေါင်းစုပြီး အမြစ်တွယ်နေတာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ယခုလည်း နေမကောင်းတဲ့ကြားထဲ ရှိသမျှအားအကုန် အကကျင့်ရာမှာ သုံးလိုက်ပြီးချိန် ခန်းမထဲက အေးနေတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှဲချရင်း... ခါတိုင်းလိုပင် Juul ကရတဲ့ နီကိုတင်းဓာတ်ကို ဇိမ်ခံရှိုက်သွင်းရင်း အနားယူနေတဲ့ Taehyung အား အမြင်မတော်တော့တဲ့ အစ်ကိုကြီး Seokjin က ဟာသနှော၍ ဝင်ဆွဲလေတော့၏။
"Yah yah... Taehyung ရာ... နေမကောင်းတဲ့လူက ဆေးမသောက်ဘဲ ဒီအချောင်းကိုပဲ စုပ်လိုက်မှုတ်လိုက်နဲ့ကွာ! ငါ့ကိုပေးထားလိုက်တော့ နေကောင်းသွားရင် ပြန်ပေးမယ်!"
သူတို့နှစ်ယောက် E.Cigarette လေးတစ်ချောင်းကို သူဆွဲကိုယ်ဆွဲဖြစ်နေချိန် အကကျင့်အပြီး Album သစ်အတွက် အသံသွင်းဖို့အချိန်မကျခင် ချစ်သူနဲ့အပြေးလေးဖုန်းပြောဖို့ အပြင်ထွက်သွားတဲ့ Jimin...။
ပြန်ရောက်တာပဲ တစ်ပတ်ပြည့်တော့မယ်... ခုထိ ချစ်သူနဲ့တွေ့ခွင့်မရသေးတာမို့ အသံသွင်းပြီးလို့ ည ၈နာရီမတိုင်ခင် Schedule ကင်းလွတ်တဲ့ ညနေပိုင်းအချိန်လေးအား ချစ်သူကိုပေးဖို့ အသင့်ပဲ...။
**အင်း Oppa...**
ဒီရက်ပိုင်းတွေမှာ သူမဖုန်းဖြေတဲ့ အသံလေးက အရင်ကလို သိပ်ပြီး ရွှင်ရွှင်ပြပြမရှိလေတော့ Jimin ပိုပြီး စိတ်မကောင်းဖြစ်ရတာပေါ့...။
"ကိုလည်း ကို့အရုပ်မလေးကို အချိန်မပေးနိုင်ဘူးဖြစ်နေတယ်... တစ်ယောက်တည်း အထီးကျန်နေပြီလား ဘေဘီ?"