<zawgyi>
'Kim Taehyung?... မင်းက ဘာလဲ?'
Taehyung ထွက်သွားတာနဲ့ Dolly အနား လှမ်းလျှောက်လာတဲ့ Jimin...။ သူမအရှေ့တွင် ထိုင်ကာ သူ မရောက်ခင်ကတည်းက သူမ ခြေကျင်းဝတ်ပေါ်မှာ အသင့်နေရာယူထားနှင့်တဲ့ ခြေကျင်းအား ကိုင်ကြည့်မိ၏။
'ဒါကရော ဘာလဲ?'
ဒါဘယ်လိုဖြစ်နိုင်မှာလဲ...။ Taehyung ဆီမှာ ဒါရှိနေစရာ အကြောင်းမှမရှိတာ...။
Jimin ဇဝေဇဝါဖြင့် စိုက်ကြည့်နေရင်း သူ့ရဲ့ နောက်လက်တစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားမိ၏။ ထိုလက်သီးဆုပ်ထဲမှာတော့ ချိတ်ပျက်စီးသွားနှင့်ပြီဖြစ်တဲ့ ပုံစံတူခြေကျင်းတစ်ခုပေါ့...။ သူမ မေ့လဲနေခဲ့တဲ့အနားက လှေကားရင်းမှာ သူရှာတွေ့ခဲ့တဲ့တစ်ခု...။
သူ့အတွေးများ ပြန့်လွင့်နေစဉ်...
"Oppa... ဒါ... ဒါ..."
နိုးနိုးချင်းပဲ ခြေထောက်မှာနဂိုရှိနေရမယ့်အရာလေး ပြန်ရောက်နေတာကို မြင်လိုက်ရတော့ ရှေ့မှာရှိတဲ့ Jimin ပြန်ရှာလာပေးတယ်ထင်ပြီး မျက်လုံးရွဲကြီးတွေနဲ့ ငုံ့ကြည့်နေတဲ့သူမ...။ သူ့ဦးအမော့မှာ ဝမ်းသာအားရလှမ်းဖက်၍ ကျေးဇူးတင်ကြောင်းပြသ၏။
"ချစ်တယ်"
သူမထံက ချစ်တယ်လို့ စပြောလာတော့လည်း Jimin အလိုလိုပြုံးမိသွားပြန်တာပေါ့...။ လက်ထဲက ခြေကျင်းအပျက်လေးကို ဘောင်းဘီအိတ်ကပ်ထဲ ခပ်အမြန်ထည့်ဖွက်လိုက်ပြီးနောက် သူမအား နွေးထွေးစွာ ပြန်ပွေ့ဖက်လိုက်ပေမယ့် သူ့အပြုံးလေးကတော့ အရင်လိုကြာရှည်မခံခဲ့...။
စိတ်ထဲမှာ မလုံခြုံမှုဆိုတာကို ခံစားနေရတယ်...။ ဒီမိန်းကလေးကို သူ့လက်ထဲက Taehyung က လုယူသွားမယ်လို့ ဘာလို့ခံစားမိနေတာလဲ...။ ဒါက သူမကို မယုံကြည်လို့လား...။ Taehyung ကို မယုံကြည်တာလား...။ အဲ့လိုတစ်ယောက်ယောက်က လာမေးမယ်ဆိုရင်တော့ Taehyung ကို ယုံကြည်သလို သူမကို ပိုလို့တောင် ယုံကြည်သေးတယ်...။ ဒါဆိုဘာလို့လဲ...။ ဘာလို့ကြောက်နေမိတာလဲ...။
သူမကို Jimin တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားမိ၏။ ဒီလိုဆိုရင် သူမရဲ့နှလုံးသားနဲ့ သူ့နှလုံးသားလေး ပိုနီးကပ်သွားလေမလား...။ သူ့စိတ်ကို ပိုပြီးလုံခြုံသွားစေနိုင်မလား...။
