<ZawGyi>
Dolly အခန်းထဲက ထွက်သွားသည်နှင့် Jimin အနားသို့ ဝိုင်းစက်သောမျက်လုံးအစုံနှင့် ခုန်ဆွခုန်ဆွ ရောက်လာသော Jungkook က နှုတ်ခမ်းလေးထော်ကာမေး၏။
“Jimin Hyung! ခုနက သူနဲ့ ဘာတွေပြောနေတာလဲ?”
“လျို့ဝှက်ချက်!”
Jimin က Jungkook ပုခုံးကို အားကြီးနဲ့ဖက်ကာ ဖြေလိုက်တော့ ထိုအဖြေကို မကျေနပ်တဲ့ ညီငယ်က နှုတ်ခမ်းနှစ်လွှာကို ပျောက်သွားသည်အထိ တင်းကာစိလိုက်ပြီး ပေစောင်းစောင်းကြည့်သည်။
ထို့နောက် Jimin အား စားပွဲဝိုင်းသို့ ဆွဲခေါ်ကာ စိတ်လိုလက်ရဖြင့် ခွက်အလွတ်တစ်ခုထဲသို့ ဝိုင်ဖြည့်၍ ကမ်းပေးနေသော Jungkook...။
“ရော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော အစ်ကိုကြီးအတွက်”
“အမယ်… ငါတို့ Jungkook လေးက သိတတ်နေရောပဲ!”
“အင်း… ဒါဆို Hyung အနေနဲ့ ကျွန်တော်သိတတ်တာကို အသိအမှတ်ပြုသင့်တယ်မလား?”
“Mmm… ဒါပေါ့”
Jimin လည်း ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိမ့်ပြရင်း Jungkook ထည့်ပေးထားတဲ့ ဝိုင်တစ်ငုံအား မြည်းစမ်းလိုက်၏။
“ဟီး… အဲ့ဒါဆို ခုနက Dolly ကို ဘာတွေပြောလိုက်လဲ ပြောပြတော့လေ… Come on! Let’s get it!”
“ဖူး... အဟွတ်”
နှုတ်ခမ်းထက်တွင် လျှံထွက်လာသော ဝိုင်စက်အချို့အား လျှာဖြင့်သပ်လိုက်ပြီး နောက်ဆုံးတော့လည်း Jungkook အလိုကျ Jimin ပြောပြလိုက်ရတာပဲ…။
-
-
-
-
“ဟီး… နောက်ဆုံးတော့ ဖွင့်ပြောဖြစ်ခဲ့ပြီပေါ့”Jungkook က သွားလေးဖြီးကာ မေးနေစဉ် Jimin မှာတော့ ခုနက ရှက်ပြီးပြေးထွက်သွားတဲ့ Dolly မျက်နှာကို ပြန်မြင်ယောင်နေမိသဖြင့် ခွက်ထဲရှိဝိုင်အား စက်ဝိုင်းဏ္ဍာန်လှည့်ရင်း မသိမသာ ပြုံးယောင်သမ်းသွား၏။
“အင်း”
“ဒါပေမယ့် Hyung! ဒီအတိုင်းထားလို့ အဆင်ပြေပါ့မလား? ရှက်ပြီး ရှောင်ထွက်သွားတာဆိုတော့ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ?”