<zawgyi>
Taehyung ကြောင့် ကြောင်အအဖြစ်သွားသော မန်နေဂျာ Sejin…။
“ဟေ? မင်းကဘယ်လိုပို့မှာလဲ သူ့အိမ်လိပ်စာဖြင့် မသိဘဲနဲ့”
“ကျွန်တော်သိတယ်… သူ့အိမ်လိပ်စာ…”
“ဒါဆိုလည်း စောစောကပြောရောပေါ့ကွာ…။ ကဲပါ… လိပ်စာပြော… လိုက်ပို့တာတော့ ငါ့တာဝန်ထား”
Dolly ကိုသွားပွေ့ဖို့ ဟန်ပြင်နေသော Sejin အား ချက်ချင်းပဲ လက်ဖမ်းဆွဲလိုက်သည့် Taehyung မျက်အိမ်ကျယ်ကျယ်က အဝိုင်းသား…။
“အဲ့ဒါဆို ကားပေါ်က ကျွန်တော့်လူတွေကို ဘယ်လိုလုပ်မှာလဲ? ခုနပြောတော့ Driver လည်း ခေါ်မရဘူးဆို”
“ဒါဆိုလည်း မင်းတို့ကို အရင်ပို့ပြီးမှ သူ့ကို လိုက်ပို့ပေးလိုက်မယ်လေ”
အတင်းကြီးကို စိတ်အားထက်သန်နေသော Sejin ကြောင့် Taehyung အကြပ်ရိုက်နေလေရဲ့…။ မန်နေဂျာနဲ့ Dolly ကိုနှစ်ယောက်တည်း ဒီအချိန်ကြီး မလွှတ်နိုင်ဘူးလေ…။ မန်နေဂျာကို မယုံတာတော့မဟုတ်…။ မူးနေတဲ့ Dolly ကို မယုံဘူးပေါ့လေ…။
“သူ့အိမ်နဲ့ ကျွန်တော်တို့ အိမ်က တောင်နဲ့မြောက်ကို”
Taehyung ခပ်တည်တည်ပဲ ပြောလိုက်သည်။ တကယ်ကလည်း တောင်နဲ့မြောက်ပဲလေ…။ ဒါပေမယ့် တောင်ထိပ်နဲ့ မြောက်ထိပ်မဟုတ်ဘဲ အိမ်ရာရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း…။
“အဲ့လောက်ဝေးလို့လား?”
“အွန်း… နှစ်နေရာသွားရင် မိုးလင်းတောင် သူ အိမ်ပြန်ရောက်မယ် မထင်ဘူး…။ ပြောနေကြာပါတယ် Sejin Hyung… ကျွန်တော်လည်း ကားပါတာပဲ… သူ့တစ်ယောက်လောက်နဲ့တော့ အပမ်းမကြီးပါဘူး…။ ကားပေါ်ကငမူးလေးတွေကိုသာ အိမ်ပြန်ရောက်အောင် ဂရုတစိုက်ပို့ပေးလိုက်…။ ကျွန်တော်တစ်ယောက်တည်းနဲ့ဆို သူတို့ကိုနိုင်မှာ မဟုတ်ဘူး”
Taehyung ပြောတာကို နားထောင်နေရင်း Sejin ခမျာ ဟိုလိုလည်း မဖြစ် ဒီလိုလည်း မဖြစ်နဲ့မို့ ခေါင်းခြောက်ခြောက်ဖြင့် ဦးခေါင်းခွံလန်မတတ် တဗျင်းဗျင်းကုတ်နေရှာသည်။
![](https://img.wattpad.com/cover/176920541-288-k698550.jpg)