<zawgyi>
Jimin ရေချိုးနေစဉ် မှန်ရှေ့မှာတော့ ပြောင်နေသယောင်နဲ့ယောင်နေတဲ့ နှုတ်ခမ်းကိုထော်ကြည့်နေလေတဲ့ Dolly…။ ဖူးဖူးရဲရဲလေးဖြစ်နေတော့ ကြည့်ရတာ လှတောင်လှသလိုလို…။
‘Mmm… ငါ့နှုတ်ခမ်းက Lip balm တောင် ဆိုးစရာမလိုဘူးပဲ’
လှပနေသည့်အရာကို ပြူးပြဲကြည့်နေရင်း ရှာဖွေတွေ့ရှိသွားသည်က မလှမပ လည်ပင်းပေါ်မှ မထင်းတထင်းအနီကွက်ပိစိများ…။ မသိရင် ဘယ်နားကယားလို့ယားမှန်းမသိတာကို မျက်ကန်းနည်းနဲ့ လျှောက်ကုတ်ထားမိသည်နှင့် တူနေ၏။
‘အယ်?!… ဟာ!!!’
ထိုစဉ်… ရေချိုးခန်းထဲမှထွက်လာတဲ့ Jimin…။
“ဘာတွေစိတ်ဝင်စားနေတာလဲ ဘေဘီ?”
အင်္ကျီကိုဆွဲချပြီး မှန်ထဲမဝင်ရုံတမယ် တိုးကပ်ကြည့်နေသည့် သူမကို ခါးနောက်မှဆတ်ခနဲဆွဲယူ၍ ပုခုံးပေါ်မေးတင်ကာ မေးလာတော့ သူမ အင်္ကျီကိုပြန်ဆွဲတင်လိုက်၏။
“ဘာ… ဘာမှမဟုတ်ပါဘူး”
“ကို့ကိုချစ်လား?”
“အွန်း”
“ဒါဆို ကို့အနားမှာ တစ်သက်လုံးနေပြီး ကို့တစ်ယောက်တည်းကိုပဲ ချစ်ရမယ်နော်”
“ဟုတ်”
“ဒါဆို ကို့ကို ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်တော့မှ ခွဲမသွားပါဘူးဆိုတဲ့ကတိပေး!”
“အွန်း… ပေးတယ်! စိတ်ချ… ဒီအချိန်ထိ Oppa ချစ်သူကို ဘယ်သူကမှမချစ်သလို Oppa ချစ်သူကလည်း ဘယ်သူ့ကိုမှမချစ်ဘူး… အဟမ်း… Oppa ကတော့ ခြွင်းချက်ပေါ့…။ ဒါကြောင့် Oppa က သွားပါတော့လို့ မပြောမချင်း Oppa အနားမှာကို ကပ်နေဦးမှာ!”
“စကားတွေသိပ်တတ်နေတယ်ပေါ့ ဟုတ်လား!?”
“ဟွန့်… မှန်တာပြောတာလေ”“ဟုတ်ပါပြီ… အဲ့ဒါတွေကြောင့် ဒီကကို့ချစ်သူလေးကို သိပ်ချစ်နေရတာ သိလား?”
“Oppa!... Oppa ချစ်သူလေးက ကတိတစ်လုံးနဲ့နေလာတဲ့လူပါ… မယုံဘူးလား?”
“မယုံတာမဟုတ်ပါဘူး… ကိုက ဒီအတိုင်းလေးပဲ…”
“အဲ့ဒါမယုံတာပေါ့… Oppa စကားကြီးကိုလည်းကြည့်လေ! မသိရင် ဒီကပဲ ၂ယောက်၃ယောက်ချစ်နေတဲ့ပုံနဲ့”
