<zawgyi>
ခရီးကပြန်ရောက်ရောက်ချင်းမနက်ပဲ LY tour အတွက် Serentipity နှင့် Love ကို ရှေ့ဆင့်နောက်ဆင့်ဖျော်ဖြေဖို့ အစီအစဉ်ပြောင်းလဲလိုက်ကြောင်း အဆင်ပြေမပြေဆုံးဖြတ်ရန် အစည်းအဝေးခေါ်ထားသဖြင့် Jimin နှင့် Namjoon တို့ ကုမ္ပဏီကိုအစောဆုံးရောက်နှင့်နေကြ၏။
Meeting က ပြန်ထွက်လာတော့… ပြောင်းလဲလိုက်သည့် Serentipity Stage နှင့် ကကွက်ကို Director Song နဲ့တစ်ဖန်ပြန်တိုက်ဖို့ Dance Studio ထဲသွားတော့မယ့် Jimin အား လက်လှမ်းဆွဲလိုက်တဲ့ Namjoon…။ ဒီရက်ပိုင်း Dolly ကို ကုမ္ပဏီမခေါ်ဖို့ သတိပေးတဲ့ပုံစံမကျ တောင်းဆိုတဲ့ပုံစံမကျ ပြောကြည့်လိုက်သည်။
ဒါပေမယ့် Jimin အတွက် သူမနဲ့တွေ့ဖို့က ဒီတစ်နည်းပဲရှိတာကို ကုမ္ပဏီကိုမခေါ်နဲ့လို့ပြောလိုက်တာက မတွေ့နဲ့တော့လို့ ပြောလိုက်သည့်အလား…။ သဘောပေါက်လွဲသွားသည့် Jimin ရဲ့ တုန့်ပြန်မှုက သံသယမျက်ဝန်းနဲ့ အေးစက်စက်အသံ…။
“ဘာဖြစ်လို့လဲ?”
Namjoon အနေနှင့် Taehyung ရဲ့စိတ်အခြေအနေမကောင်းသေးခင် ဒီထက်ပိုမခံစားစေချင်လို့ စေတနာနဲ့ဝင်ပြောပေးတာဆိုပေမယ့် တကယ်တမ်းကျ ပေါ်တင်ကြီးဝင်စွက်ဖက်လို့မကောင်းတာမို့ အခြားအကြောင်းပြချက် လွှဲပြောလိုက်ရသည်။
“အာ… ငါတို့ ဂျူနီယာလေးတွေကိုပါ နားနေခန်းမျှသုံးခွင့်ပေးလိုက်ပြီဆိုတော့ အရင်လို ငါတို့ချည်းပဲမပိုင်တော့ဘူးလေ…။ ဂျူနီယာတွေရှေ့မှာလည်း အမြင်မသင့်တော်ဘူးလားလို့! ငါက အကြံပေးတာပါ…။ ဆုံးဖြတ်တာတော့ မင်းအပိုင်းပေါ့”
“တကယ်ကြီးလား! ဒါဆိုရင်တော့ ခက်ပြီ… အင်းပါ… ကျွန်တော်နောက်မှ စဉ်းစားကြည့်ပါ့မယ်! ဒီရက်ပိုင်းလေးတော့ အဆင်ပြေသလိုလေးပဲ နေလိုက်ဦးမယ်ဗျာ… မတတ်နိုင်ဘူး”
ထွက်သွားတဲ့ Jimin ကို ကြည့်ပြီး Namjoon သက်ပြင်းချရုံကလွဲပြီး မတတ်နိုင်…။ Solo သီချင်းအသစ်ပြဖို့ Deadline ကလည်းနီးနေပြီ… ရေးလို့မထွက်ရတဲ့ကြားထဲ… သူတစ်ယောက်တည်းသာသိနေတဲ့ အဖွဲ့တွင်းပြဿနာက တမောက်…။