💜22💜

1K 88 13
                                    

<zawgyi>

အခန်းထဲတွင် လူနာစောင့်ရင်း နားကြပ်တပ်၍ တိတ်တိတ်ဆိတ်ဆိတ် Assignment လုပ်နေသော June နှင့် အသစ်ထွက်မည့် BT21 မှ Pajamas ၇စုံလုံး Preorder ချင်ပါသော်လည်း ဦးလေးထံမှ မုန့်ဖိုးတောင်းမရသဖြင့် စိတ်တိုတိုနဲ့ ရှိတဲ့ Pajamas ဝတ်ဆင်၍ ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ခုန်ပေါက်အော်ဟစ်နေသည့် Jaeun တို့၏ အခန်းနှစ်ခန်းကွာခြားမှုက တစ်အိမ်ထဲမှာပင် ဆီနဲ့ရေလို…။

“…SUCH A LIER…”

**တင်းတင်… တင်းတင်**

“… SEE ME SEE ME YA… I…”

**တင်း တင်း တင်း**

ငှက်ဆိုးထိုးသံဖြင့် လိုက်ဆိုရင်း Mood အပြည့်နှင့် ကခုန်နေသည့်သူ ဖီးလ်ပျက်အောင် အဆက်မပြတ်မြည်လာသော ဘဲလ်သံကြောင့် ထွက်နေသည့် ဒေါသက ဘဲလ်တီးနေသည့်သူထံသို့ ဒိုင်းခနဲ…။

တံခါးဆီသို့ ဒုန်းစိုင်းသွားရင်း ခုံဇောင်းဖြင့် ခလုတ်တိုက်မိလေတော့ ကျိုးမတတ်ဖြစ်သွားသည့် ခြေသန်းလေးကြောင့် ဒေါသမီးကို ဆီထပ်လောင်းလိုက်သလို…။

“အားးး... S**T!!! Christ တို့လား?!”

**တင်းးးး**

“F**K… ဘာလို့ဒီလောက်တီးနေတာလဲဟ… FUU…”

ဒေါနှင့်မောနှင့်အော်ငေါက်ရင်း တံခါးအဖွင့် နှုတ်ခမ်းလေးကို တင်းနေအောင် ပြုံးပြလိုက်သော Jimin ကိုမြင်သည်နှင့် Jaeun ဆဲဆိုမိတော့မည့်ဆဲဆဲ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း အရှိန်သတ်လိုက်၏။

“FUU… FOOD… အဲ့ဒါလေ စားပြီးပြီလား? Oppa? ဟီး”

ရုပ်တည်နှင့်ပင် စကားလုံးပြောင်းပြောပြီး Jaeun သွားဖြီးပြ၏။

အဆက်အစပ်မရှိ မေးခွန်းကြောင့် Jimin ခဏ ကြောင်အမ်းသွားပြီးမှ…

“သြော်… ညစာလား?! မစားသေးပါဘူးဗျာ…။ ညီမ စားနေတာလား? အနှောက်အယှက်ဖြစ်သွားရင်…”

“အာ… မစားပါဘူး… ဒါနဲ့ Oppa က?”

“တခြားတော့ မဟုတ်ပါဘူး…။ Dolly ဘယ်လိုနေသေးလဲ သိချင်လို့ပါ”

ဒီကိုလာကတည်းက Dolly ကြောင့်ဆိုတာသိပြီးသားပါ…။ သူငယ်ချင်းကောင်းမှုကြောင့် ကိုယ့်အိုင်ဒေါနဲ့ ခုလိုရင်းနှီးနေခွင့်ရတာကတော့ ကျေနပ်စရာ…။ သို့ပေမယ့် ဒီကြားထဲ Jimin က ဖုန်းဆက်မေးလိုက်… Jaeun ကဖုန်းဆက်ပြောလိုက်နှင့် တစ်ချိန်လုံး အဆက်အသွယ်မပြတ်ခဲ့ပါလျက်နဲ့ အခု အိမ်အထိတောင်လိုက်လာသေးတာကတော့ ဂျေဝင်စရာ…။

Love Between LiesWhere stories live. Discover now