💜7💜

1.2K 111 9
                                    

<zawgyi>


Contacts ထဲရောက်နှင့်နေပြီဖြစ်သော သူမ၏ဖုန်းနံပါတ်အား နှစ်ရက်လုံးလုံးထိုင်ကြည့်နေခဲ့ပြီးနောက် ကိုယ်တိုင်တွေ့၍သာ လေးနက်သော အချစ်ခရီးလမ်းကို စတင်ဖောက်ထွင်ချင်သည့် Jimin တစ်ယောက် မနက်ပိုင်းအားချိန်ခဏရှိလာသည်နှင့် ကားဂိတ်သို့ အပြေးလေး ထွက်လာခဲ့သည်။

နောက်ဆုံးအခေါက်က သူမ ရှိမနေခဲ့သည်မို့ အခုလည်း သူမ ရှိနေပါ့မယ့်လို့ အများကြီး မျှော်လင့်မထားရဲသော်လည်း သေချာအောင် တစ်ခါလောက်တော့ ထပ်ပြီး အတည်ပြုချင်ခဲ့သည်။ အကယ်၍များ သူမနဲ့အပြင်မှာ တွေ့ဆုံဖို့ မဖြစ်နိုင်တော့ဘူးဆိုမှသာ မတတ်သာသည့်အဆုံး ဖုန်းနှင့်စ ဆက်သွယ်မည်လေ…။

အတွေးပေါင်းစုံဖြင့် လုံးလည်ချာလည်လိုက်နေပေမယ့် သူထွက်လာတာ မှန်သွားခဲ့ပြီ…။

သူကသာ အလောတကြီး ကားဂိတ်ရောက်လာခဲ့ချိန် ခါတိုင်းလိုပင် အိပ်ပျော်နေသည့် သူမကတော့ အေးအေးလူလူပင်…။

ရင်ဘတ်ထဲက အလုံးကြီးကျ၍ ထခုန်မိမတတ်ပျော်ရွှင်သွားသော Jimin ရင်ခုန်သံများက ပို၍မြန်ဆန်လာသလို မျက်နှာလေးလည်း ပြုံးရွှင်သွား၏။ ဒီတစ်ခါတော့ ထပ်ပြီး အချိန်မဆွဲလိုသည်မို့ စိတ်လှုပ်ရှားစွာဖြင့် ဆံပင်ကို ထပ်တလဲလဲ သပ်တင်ပြီးနောက်…

‘ကိုလာပြီ မင်းဆီကို…’

ဟု စိတ်ထဲမှကြွေးကြော်ကာ ကားအောက်ဆင်းရန် တံခါးဖွင့်လိုက်စဉ်…

**Just one day…**

အချိန်ကိုက် ထမြည်လာသည့်ဖုန်းကြောင့် မြေကြီးပေါ်ရောက်တော့မည့် ခြေထောက်ကလေးတောင်တွန့်သွားရ၏။ ဖုန်းကိုတစ်ချက်လှမ်းအကဲခတ်လိုက်မိစဉ် screen မှာပေါ်နေတဲ့ Sejin မန်နေဂျာဆိုသည့် နာမည်ကပြူးနေသဖြင့် လစ်လျူရှုဖို့ကျတော့လည်း မရပြန်…။

ဒါကြောင့် စုပ်တစ်ချက်သပ်လိုက်ပြီးနောက် လေးပင်နေသောခြေထောက်အား ပြန်မတင်ကာ ကားတံခါးခဏပြန်ပိတ်၍ ဖုန်းကိုင်လိုက်ရသည်။

“ဟယ်လို…”

“Jimin ရေ… Namjoon ပြောတော့ မင်းကအိမ်မှာလည်း မရှိဘူးဆို? Bang PD အစည်းအဝေးခေါ်ထားတာ မသိသေးဘူးလား?”

Love Between LiesWhere stories live. Discover now