💜18💜

1K 97 15
                                    

<ZawGyi>


"Tada~ အွန်မားးးးး"

"ဟယ်! အမေ့သား Taehyung ပါလား!"

ရုတ်တရက် အကြောင်းမကြားဘာမကြား Tan အား လည်ပတ်ကြိုးနဲ့ တန်းလန်းဆွဲ၍ ရောက်ချလာသော သူ့ကြောင့် အံ့သြဝမ်းသာဖြစ်နေတဲ့ မိခင်ဖြစ်သူ Mrs. Kim ကို ပွေ့ဖက်ကာ ချွဲလိုက်သော Taehyung...။

"အွန်မား! တစ်အိမ်လုံးလည်း တိတ်ဆိတ်နေပါလား?!"

"အေးလေ... အိမ်မှာ အခုလောလောဆယ် အမေတစ်ယောက်ပဲရှိတာကိုး...။ သားက ဖုန်းလေးဘာလေး ကြိုဆက်တာတော့မဟုတ်ဘူး...။ ဖေကြီးဆို မနက်ကတောင် သားအကြောင်းပြောနေသေးတယ်"

"အခုက Tannie ကို ခဏလာပို့ရင်း လှည့်ဝင်လာတာမို့ပါ"

Taehyung လည်း Mrs. Kim နှင့် သာကြောင်းမာကြောင်း စကားစမြည်ပြောပြီးနောက် Tan ကို လည်ပတ်ကြိုးဖြည်၍ ပွေ့ချီကာ သူ့အခန်းသို့ ထွက်လာလိုက်သည်။

Tan တစ်ကောင် ဘယ်အချိန်ကတည်းက အိပ်ဖို့ချောင်းနေသည်မသိ... အခန်းတံခါးဖွင့်လိုက်သည်နှင့် လက်ထဲမှ ခုန်ထွက်၍ ခုတင်ပေါ်ပြေးတက်ကာ အိပ်ဖို့ကြံ၏။ ခုတင်ပေါ်တွင် ခြေပစ်လက်ပစ်နေရာယူထားသော Tan က အသည်းယားစရာ...။

"Tannie ရေ... Tannie... ထပါဦး..."

ချစ်လွန်း၍ သူ့အနားကပ်ကာ နားရွက်အား သွားဖုံးဖြင့် ခပ်ဆဆ ကျိတ်လိုက်သော Taehyung ကြောင့် အိပ်မရလို့ စိတ်ညစ်ညစ်နဲ့ ခုတင်ပေါ်ကဆင်းကာ သူ့သခင် မမြင်နိုင်မည့်နေရာ လှည့်ပတ်ရှာနေသည့် Tan အနောက်က ထပ်ချပ်မကွာ လေးဘက်ထောက်လျက် လိုက်နေတဲ့ Taehyung...။

"Tan ရေ... လွတ်အောင်ပြေးနော်... ဖေဖေလာပြီ... ဂါးးး"

Tan ချောင်ပိတ်မိသွားချိန် သွားကိုဖြဲ လက်ဆယ်ချောင်းကို ကွေးကောက်ပြီး ဂါးခနဲခြောက်လိုက်တော့ အဲ့လိုအခြောက်ခံရတာကို မကြိုက်တဲ့ Tan က တဝုတ်ဝုတ်ဟောင်ရင်း ဘီဒိုအောက် ဝင်ပြေးသွားတော့သည်။

"ဟားဟား... ဖေဖေ့ကို မကြောက်ပါနဲ့ကွ... မင်းကလဲ...။ လာ... ပြန်ထွက်ခဲ့"

ဘီဒိုအောက်တွင် ပေကပ်ကပ်လုပ်နေသည့် Tan ကို လက်ဖြင့်အသာနှိုက်၍ လှမ်းဆွဲယူလိုက်စဉ် စမ်းမိလိုက်တဲ့ အေးစက်စက်အရာ...။

Love Between LiesWhere stories live. Discover now