Part 1

23.6K 714 33
                                    

Zawgyi

Chongqing မြို့

ရှန်ဟိုင်း ပေကျင်းမှာသာ မြင်ရလေ့ရှိသည့်ခေတ်မှီလှပခမ်းနားသော တိုက်ပုံစံနှင့် ခေတ်မှီထည်ဝါသော အတွင်းပိုင်း decoration ကလက်ဖျားခါလောက်အောင် သားနာနေသောနေရာ.....

ဒီနေရာကတော့ Xiao စံအိမ်ကြီးပါ ဖြစ်ပါတယ်။

ဧည့်ခန်းကိုစတင်ခြေချပီဆိုတာနဲ့ မြစိမ်းရောင်လွှမ်းနေသော မွှေးပွကော်ဇော၏ နုညံ့မှုက စတင်နှုတ်ဆက်လေ၏

ဝမ်ဇနီးမောင်နှံ ထိုင်ပါ

လာပါ....ဝင်ခဲ့ပါ

ဆီးကြိုဖော်တော့ ရသည်။ ဒါပေမယ့် ဆိုဖာပေါ် ခြေချိတ်ထိုင်နေရာက နည်းနည်းလေးမှ ကိုယ်မရွေ့။

အပျိုကြီးသုံးယောက်အနက် စီးပွားရေးလောကမှာဘုရင်မဘွဲ့ရထားသည့်အကြီးဆုံးအပျိုကြီး ရှောင်းကျန်းချန် (မိန်းခေးဖြစ်သွားလို့ sorry)ကခရမ်းရောင်ပိုးသားဂါဝန်နှင့် အလယ်မှဖြစ်ကာ...

ဒုတိယညီမ ရှောင်းဝမ်ချင်းမှာ အနီရောင်ပိုးသားဝတ်စုံနှင့်ဖြစ်၏သူမလည်းဆေးပညာလောကမှာ ပြိုင်ဘက်ကင်းသည်ဟုနာမည်ကြီးသည်

အငယ်မလေးဖြစ်သည် ရှောင်းဝမ်နင်း(နာမည်မစဉ်းစာတက်လို့ ဟီး) မှာလည်းရတနာလောကတွင် တော်လွန်းထက်လွန်းလှသည်ဟုနာမည်ကြီးသည်။

လင်မယားနှစ်ယောက် မျက်လုံးထဲရှိသမျှကို ဝေ့ပတ်ကြည့်ပီး ထိုင်ပါပြောသည့်နေရာတွင်ထိုင်လိုက်ကြသည်။

နံရံတွေမှာ ထိပ်ဖျားကနေ အောက်ဖျားထိ ခပ်အိအိ တွဲကျနေသော နံရံလိုက်ကာတွေကို ကြည့်ရင်း ဝမ်ကတော် သဘောကျနေမိသည်။

တကယ်ဆိုအပျိုကြီး ၃ယောက်ကသူမထက်အများကြီးမငယ်ပါ။ အသက်အရွယ်ကမတိမ်းမယိမ်းတွေပဲဖြစ်သည်။

ဒါပေမယ့် လုပ်ငန်းကိုယ်စီမှာအောင်မြင်နေသော ညီအမ သုံးယောက်က အပျိုကြီးတွေဖြစ်နေပြန်သည်။

အကြီးဆုံးအကိုကြီးကလည်းနိုင်ငံခြားမှပို့ပေးတဲ့ငွေတွေကလည်းတစ်လတစ်လ နည်းလို့လား..။အပျိုကြီးဖြစ်တာ အားမကျပေမယ့် ဒီလို တစ်ပင်တိုင်မြနန်း နှင့်နေရတာကိုတော့ အားကျမိတာအမှန်ပင်။

အကြောင်းပြချက်မရှိသောWhere stories live. Discover now