Zawgyi
သင်တန်းမသွားခင် ကျူလျိုအမေက ပစ္စည်းလေးတစ်ခု ဈေးဖြတ်ပေးပါဆိုလို့ ကြည့်ပေးလိုက်တယ်... ဒီလိုရတနာ ပစ္စည်းတွေက တီငယ်တို့နဲ့နေတုန်းက တီငယ်သင်ပြထားတာတွေကြောင့် ရတနာအကြောင်းကောင်းကောင်းသိသည်။ ဒါကြောင့် ကျူလျိုအမေက ရှောင်ကျန်းကိုအားကိုးသည် အရင်တကြိမ်တုန်းထဲက ရှောင်ကျန်း ဈေးဖြတ်ပေးတာကို သဘောကျတာကြောင့်ခုလည်းအကူအညီတောင်းနေပြန်သည်။ အမှန်ပြောရရင် ရှောင်ကျန်းဒီလိုဟာတွေ ဝါသနာမပါ... ခုအားနာတာရော သူတို့အိမ်မှာနေတာဆိုတော့အကူအညီတောင်းတာကို ငြင်းရင်လဲ ရိုင်းရာကြမှာမို့ ကြည့်ပေးလိုက်တယ်။ တစ်ဖတ်ကပြတဲ့ပစ္စည်းကိုကြည့်ပီးဈေးဖြတ်ခိုင်းတော့ ဒီပစ္စည်းကမသန့်ဘူးလို့အန်တီကိုပြောလိုက်သည်။ တဖတ်ကပစ္စည်းပြသူတွေက သူတို့ကိုညာပါတယ်ဆိုပြီး ပြဿနာတတ်ရသေး...ရဲခေါ်မယ်ဘာမယ်လုပ်မှ အောင့်သပ်သပ်နှင့်ပြန်သွားကြသည်။ကျေနပ်ပုံတော့မပေါ်ပါ။ နောက်ဆုံးတော့ ပစ္စည်းလာပြတဲ့ အန်တီ ကြီးတွေပြန်မှ ရှောင်ကျန်း သင်တန်းကို ထွက်လာခဲ့လိုက်တယ်...
နောက်ကနေ ရှောင်ကျန်းကို လှမ်းကြည့်နေတဲ့ သားအမိကတော့ ကျေးဇူးတင်လို့မဆုံး.....
.........................................
ကားပ်ါက ဆင်းလိုက်ပြီး နာရီကြည့်လိုက်တော့ သင်တန်းချိန် လွန်နေပြီ။ သိမ်မကြာသေးတော့ အပေါင်းအသင်းကလည်း ရင်နီးတဲ့လူ သိပ်မရှိ။
ရှောင်ကျန်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ခြေလှမ်းတွေကတော့ လှမ်းနေဆဲဖြစ်၏။ ပေကျင်းနှင့်မရင်းနီးသော်လည်း သွားရဲလာရဲနေတာမို့ ပြဿနာမရှိပါ။ စားသောက်ဆိုင် ဝင်ထိုင်လိုက်ဖို့ကြတော့လည်း မထိုင်ချင်...
"အ..."
"ဆော်ရီး...."
ရှောင်ကျန်း ထိတ်ခနဲဖြစ်သွားသည်။ခုဏက ဟိုပစ္စည်းလာပြတဲ့အန်တီကြီးနဲ့ပါခဲတဲ့သူနှင့် အဖော်တစ်ယောက်...
"မင်း...ဘာလုပ်တာလဲ..."
"ဆော်ရီးလို့ ပြောတာကို မကျေနပ်ဘူးလား..."ပြောရင်း သူက ရှောင်ကျန်းကို တမင် ရင်ဘက်နှင့် ပစ်တိုက်၏။ သူ့ကိုရှောင်လိုက်ရသဖြင့် ခြေချင်းချိတ်မိကာ ဟတ်ထိုးလဲတော့မလိုဖြစ်သွားသည်။
YOU ARE READING
အကြောင်းပြချက်မရှိသော