Part 2

7.7K 474 7
                                    

Zawgyi

###Chongqing ကကိုယ်သိပ်မသိလို့တစ်ခုခု ဖတ်ရတာအဆင်မပြေခဲ့ရင် နားလည်ပေးပါနော်....normal ကို BL ရေးထားတာမို့ နားလည်ပေးပါ####

တောလမ်းကိုကြည့်ရင်း ရှောင်ကျန်းပျော်သွားသည် ဟိုးငယ်ငယ်လေးထဲက ဒီနားထိရောက်ဖူးသည်။ ဖေဖေနှင့် လာလို့ရောက်ဖူးတာဖြစ်သည်။

အဘွားက ရှန်ဟိုင်းမှာနေတာမို့ Chongqingကို ရောက်လာရင် ခဏပဲနေရသည်။စိုက်ခင်းတွေဘက်ကို ခြေဦးတောင် မလှည့်ရဘူးဆိုတော့ ခဏဏရောက်တာပဲရှိသည်။ ရှောင်ကျန်း အရွယ်ရောက်လာသည် အထိ ဆိုင်ကယ်လေးနှင့် ဟိုသွားဒီလာ ဒါပဲ။

"ရှန်ရှန်...ဘယ်လဲ"

"ဒီနားလေးပဲ....အန်တီ xing"

တောထဲဝင်မှာလားဆိုသည့် အကြည့်နှင့် သမင်လည်ပြန် ကြည့်ရင်း အန်တီ xing အလုပ်သမားတွေဘက်ထွက်သွားသည်။

ရှောင်ကျန်းပခုံးတွန့်၍ ဆိုင်ကယ်ဝင်လို့ရသည့်နေရာထိ ဆိုင်ကယ်မောင်းဝင်ခဲ့သည်။ ပြီးတော့ ဟဲလ်မက်ကို ဖြုတ်၍ လက်ကိုင်မှာချိတ်ထားလိုက်သည်။

လမ်းရယ်လို့သတ်သတ်မှတ်မှတ်မရှိတဲ့ နေရာလေးကိုလျှောက်ကြည့်ရင်း ကျေးငှက်သာရကတို့၏ရှားပါးစွာ အော်သံကြားရတာလေး နားထဲမှာချိုအီနေသည်။

ငှက်ကလေးတွေကို ချစ်သည်။ သတ်စားချင်လို့လည်းမဟုတ်..။သို့သော် ကိုယ်လက်ဘယ်လောက်တည့်တယ်ဆိုတာလဲ မြည်းစမ်းချင်၏။ တနည်းအားဖြင့် ကြွားချင်တာ....

အဒေါ်သုံးယောက်မှာ ရှောင်ကျန်း ဘာလုပ်လုပ် ဖေးဖေးမမ အမြဲတမ်းရှိတာ အန်တီ xing နှင့် အန်တီငယ် ဝမ်နင်းဖြစ်ကာ အန်တီ ကျန်းချန် တို့ဆူတိုင်းလည်း လိုက်မဆူ...။ မွေးနေ့လက်ဆောင်ဆိုလည်း ရှောင်းကျန် ဘယ်ရောက်နေနေ ရောက်အောင် ပို့ပေးသည်....။

အခုလည်း ရှောင်ကျန်းလေးခွလေးဖွက်ပီး ထွက်လာတော့လည်းမြင်ရက်နှင့် မမြင်ချင်ဟန်ဆောင်ပေးတာ မသိဘဲနေမလား.

"ဟော... ချုံပုတ်လေး လှုပ်စိလှုပ်စိနဲ့"

ခြေထောက်တွေက အလိုလိုနေရင်း သတိဆွဲပြီးသား ဖြစ်သွားသည်။ ပြီးတော့ လေးခွကို ဆွဲချိန်လိုက်ပြီး မျက်လုံး တစ်ဖတ်မှိတ်ကာ ချုံပုတ်ထဲက သားကောင်၏ တည်နေရာကို စူးစိုက်ရှာတော့ အဖြူရောင် အကွက်ရိပ်ကိုမြင်သဖြင့် ယုန်ပဲဆိုတာ သိလိုက်သည်။

အကြောင်းပြချက်မရှိသောWhere stories live. Discover now