Zawgyi
ဝမ်ရိပေါ်နှင့်ရှောင်ကျန်း လက်ထပ်ထားသည်မှာ 3လပင် ကျော်နေပြီဖြစ်သော်လည်း သူတို့နှစ်ယောက် ဆက်ဆံရေးကတော့ ထူးထူးခြားခြားမရှိပါ။ မနက်ခင်း မှာ ကိုယ်ပြင်ပေးသည့် မနက်စာကိုစားသည် ရုံးမသွားခင် နမ်းသည့်အလုပ်ကဘယ်တော့မှမမေ့ ပီးရင်ရုံးသွားရင်း သားသားကိုကျောင်းမှာ ဝင်ပို့ပေး တခါတလေ သားသားကျောင်းက စောဆင်းပေးသည့်နေ့တွေမှာ သားကိုသူ့ရုံးမှာ အမြဲတမ်းခေါ်သွားတတ်သည်။ သူ မအားပါက သူ့အတွင်းရေးမှူးကိုသွားခေါ်ခိုင်းတတ်သည်။ အစောကတော့ မူကြိုဆရာမတွေကို သားစောဆင်းရင်သူ့ကိုဆက်ဖို့ ပြောပေမယ့် ဘယ်တော့မှ သူ့ကိုမဆက်ပဲ ဝမ်ရိပေါ်ကိုတာ ဆက်သည်။ ပုံမှန်ဆိုသားကိုသူကြိုရသည်ကရှားသည် တီတီတို့သွားမကြိုသည့်နေ့များတွင် ဝမ်ရိပေါ်အမေကသွားကြိုတတ်သည်။ ဒီလိုစောဆင်းသည့်နေများတွင် ရှောင်ကျန်းဟာ ဝမ်ရိပေါ်ရုံးခန်းကိုသွားပေမယ့် ပုံမှန်ဆိုရှောင်ကျန်းက သူဆီမသွားပါ။ ရှောင်ကျန်း သူတို့အိမ်ထောင်ရေးကိုစဉ်းစားမိတယ် သူတို့ခုတိုင်းရှေ့ ဆက်သွားလို့ အဆင်ပြေပါ့မလား ဆိုတာကို..။ ကိုယ်ကသူကိုသဘောကျခဲ့ပေမယ့် သူဟာကိုယ့်ကိုသဘောမခဲ့ကျသလို ယောက်ျားတစ်ယောက်ကိုလည်း ချစ်လာမည်မဟုတ်တာ အသေချာ..။ သူတို့လက်ထပ်ခဲ့သည်က သားအတွက်ဖြစ်သလို...... နောက်တစ်ခုက ရှောင်ကျန်းကလည်း ဖေဖေသဘောထားကို မလွန်ဆန်ရဲတာကြောင့် ဖြစ်သည်။ ဝမ်ရိပေါ်လည်း သူ့မိဘသဘောကျ ကိုယ့်ကိုလက်ထပ်ခဲ့သည်မဟုတ်လား ဒါကြောင့် ရှောင်ကျန်း အနေနှင့် ဝမ်ရိပေါ်က သူသဘောကျသည့် မျန်မျန်နှင့် လက်ထပ်မည်ဆိုပါက ရှောင်ကျန်းအနေဖြင့် တားပိုင်ခွင့်ရှိမည်မထင် တကယ်လိုတားခဲ့ရင်ရော ဝမ်ရိပေါ်က လက်ခံမည်တဲ့လား...
ကားပါကင်မှာ ကားကိုရပ်ပီး မြင့်မားလှသည့်မိုးမျှော် အဆောက်အဦးကို ကြည့်ပီး ရှောင်ကျန်းဝမ်းနည်းမိတယ်။ ရိပေါ်ဟာ မျန်မျန် အတွက်ဒီလောက်ထိတောင်ကြိုးစားခဲ့တာဆိုတာ ဒါကြီးက သတ်သေပြနေသလိုပဲလေ...။ ဒီငါးနှစ်အတွင်းမှာ ဘာတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ရိပေါ်ကိုသူမမေးမိသလို ရိပေါ်ကလည်း ကိုယ့်ကို အရေးတယူရှင်းပြစရာမရှိဘူးလို့ တွေးမှာကအသေအချာ..။ ဒါပေမယ့် ရိပေါ်အရမ်းတော်လို့သာ ဒီအခြေအနေရောက်နေသည် မဟုတ်လား။ တစ်ချိန်က အင်တာနက်ဆိုင်လေးတွေ နှင့် မီနီမတ် လေးတွေကိုပိုင်သည့် ကောင်လေးက ခုတော့ ဒီလိုအဆောက်အဦးထဲမှာ ဝန်ထမ်းပေါင်းများစွားကို စီမံအုပ်ချုပ်နေသည်မဟုတ်လား..။ကိုယ်မြင်သည့်အနေအထားက ဒီလောက်သာ... တခြားသူဘာတွေလုပ်နေသလဲဆိုတာ ရှောင်ကျန်းမသိဘူး...ဟူးး....... ဒီကိုလာတိုင်း အဲ့ဒီခံစားချက်ကြီး ကရှိနေတာမို့ ဒီကိုသားကိုခေါ်ဖို့ကလွဲရင် ရိပေါ်ခေါ်ရင်တောင် သူမလာခဲ့..။ထိုခံစားချက်ကို ရှောင်ကျန်းမကြိုက်ပါ......
YOU ARE READING
အကြောင်းပြချက်မရှိသော