ZAWGYI
တမျှော်မျှော်ဖြစ်နေပေမယ့် ရိပေါ်က ပေါ်မလာသဖြင့် ရှောင်ကျန်းမျက်နှာလေး ပျက်လာသည်။ မနေ့ညကတည်းက ခေါ်ထားတာကို တစ်မနက်လုံး ပေါ်မလာ။
နေ့လည်ကျတော့လည်း ညနေမှ အားမည်ဟု ဖုန်းဆက်သည်။ ညနေရောက်တော့လည်း မိုးချုပ်လုနေပြီ။
"မလာလေဲနပေါ့... "ဟုတစ်ယောက်ထဲ ရေရွတ်ပြီး အိတ်ကိုလွယ်ကာ အပြင်ကို အပြေးတစ်ပိုင်းထွက်ခဲ့ကာမှ ရှောင်ကျန်း၏ ကားက လူကိုပွတ်တော့မတတ် အလောသုံးဆယ် ထိုးရပ်လာ၏။
"သိတယ်....မင်း အဲ့ဒီလိုဘဲ လုပ်မယ်ဆိုတာ..."
"မင်းကကော ဟုတ်လို့လား..."
"အန်တီလတ်နဲ့ ချိန်းထားလို့ သွားတွေ့ပြီး ကြာနေတော့ ရှန်ရှန်ကို လက်ထောက်ချလိုက်မှာ စိုးလို့ပေါ့ အခု အန်တီ လတ်ရော...."
ရိပေါ်က ကားပေါ်ကဆင်းပြီး တံခါးကို လက်ပြန်ပိတ်လိုက်ကာ...
"သွားတွေ့ရတာက ငါ ရှိနိုင်တဲ့ အရပ်မျက်နှာပေါင်းစုံကနေ မင်းအဒေါ်က လူမြင်ကရာ အမှာတော်ပါးနေတာ ဖုန်းတစ်တန် လူတစ်တန်လေ..."
"ဟုတ်ပါပြီ...အခု ဘာတဲ့လဲ....."
"ဘာပြောရမှာလဲ မင်းနဲ့ တွေ့သေးလား ဘာလား ညာလားပေါ့ မင်းပေကျင်းကိုသွားတယ်တဲ့...အဖော်အလှော်လဲ မပါဘူးပေါ့ မင်းရဲ့သူငယ်ချင်းဆိုတာကိုလဲ မသိလို့ ဘယ်လိုလုပ်ရမှန်း မသိဘူးတဲ့ အဲ့ဒါ ငါ့ကိုပါ ကူရှာပေးဖို့...."
ရိပေါ်မျက်နှာက သုန်မှုန်နေသည်။အထဲကိုမဝင်ဘဲ တိုက်ရှေ့မှာပဲ တံခါးဘောက်ကို ပခုံးတခြမ်းမှီရပ်လိုက်တော့ ရှောင်ကျန်းနှင့် မျက်နှာချင်းဆိုင် ပြန်ဖြစ်သွား၏။
"မင်းနဲ့ငါ့ကို ဘယ်လိုတောင်ဆက်စပ်တွေးမိပြီး ငါ့ကိုမှ သည်းမည်းရှာနေသလဲ တွေးကိုမတွေးတတ်တော့ဘူး..."
"မင်းနဲ့ တစ်မြို့ထဲတည်းသားချင်းမို့ နေမှာပေါ့..."
"တစ်မြို့ထဲပဲ ဖြစ်ပါစေဦး...ပေကျင်းကို မင်းကိုရှာဖို့လိုက်လားကတည်းက ငါရှိနိုင်တဲ့ လိမ်စာတွေကို အားလုံး အပြည့်အစုံ ယူလာတာ...."
![](https://img.wattpad.com/cover/204569321-288-k651193.jpg)
YOU ARE READING
အကြောင်းပြချက်မရှိသော