Zawgyi
"အို....ဘာတွေဖြစ်ကုန်ကြတာလဲ... ရှန်ရှန်လေး နေအုံး...သား လာဆွဲစမ်း ဘာဖြစ်လာကြတာလဲ..."
"ကျွတ်!...သွားပါစေ မေမေရာ...စိတ်ညစ်ရတဲ့အထဲ.."
ဝမ်ကတော်မှာတော့ တံခါးဘဲပြေးပိတ်ရမလို အတင်းပဲ ဆွဲထားရမလို.. ပြေးလွှားတော့မတတ် ဖြစ်နေ၏။
ရိပေါ်လည်း ရောက်အလာ ရှောင်ကျန်းကလည်း ပွင့်လျက်သား အိတ်လေးထဲကို အဝတ်တွေ ထိုးသိပ်ထည့်နေသည်။ ငိုနေလိုက်တာကလည်း သူ့ခြေထောက်တွေ ကြမ်းပေါ်မှာ မျက်ရည်နဲ့များ မျောပါသွားနော့မလား မသိ။
ဝမ်ကတော် ဘယ်လိုမှ မကြည့်ရက်နိုင်တော့ပေ။ ရှောင်ကျန်း တရှုက်ရှိုက် ငိုနေရင်း နှာသီးထိပ်လေးများပင်နီရဲနေပြီ..
"အန်တီကိုပြောပါဦး ကလေးရယ် အပြင်မှာ ဘာတွေဖြစ်လာကြတာလဲ ဒီလောက်တောင် မငိုပါနဲ့ကွယ် ရှန်ရှန်ဗိုက်ထဲက ကလေးလေးသနားပါတယ်နော.."
"မသနားပါဘူး ရှန်ရှန်ကိုယ့် ကိုယ်ပဲသနားတယ် ဘာမှလဲ မဟုတ်ဘဲနဲ့ ဒါကြီးဖြစ်လာတာ ရှန်ရှန်ဘာမှ မသိဘူး ဘာမှလည်းမလုပ်ခဲ့ဘူး အခုသူများက ပြောသွားတာ ရှန်ရှန်ကို ဟင့်..."
ရှောင်ကျန်းက ခုတင်ဘေးမှာ ဝုန်းခနဲ ထိုင်ချလိုက်ပြီး တစ်ကနေပြန်စငိုသည်။ ထိုစဉ် အခန်းတံခါးဝမှာ ရိပေါ်ရောက်လာကာ...
"သူများက ပြောသွားတာ ဘာလိုလို ထင်စရာဟုတ်တယ် မင်းလဲ သူ့ကိုရိုက်ချလိုက်တာမို့လား ယောက်ျားလေးနဲ့မိန်းကလေး ကို မင်းကသူ့ကိုရိုက်လိုက်တာ ပြောရမယ်ဆိုရင် ပြဿနာတစ်ခုဖြစ်တာ ယောက်ျားလေးဖြစ်ပြီး လက်ပါတာ အောက်တန်းကျတယ်လို့ ငါတော့မြင်တယ်.. ပီးတော့ သူဒေါသထွက်နေတာငါ့ကို ငါနဲ့ရှင်းချင်တာ.."
"ဘာ...ဘာပြောလိုက်တယ် အောက်တန်းကျတယ်...."
ရှောင်ကျန်း ဆက်ခနဲ ထရပ်လိုက်သဖြင့် ဝမ်ကတော် လက်ကားယား ခြေကားယားနှင့် အမယ်လေး အော်မိမတတ် ဖြစ်သွား၏။ ရှောင်ကျန်းက ရိပေါ်ဆီကို ပြေးလွှားသွားကာ...
"ဟုတ်တယ် ငါကအောက်တန်းကျတယ် မင်းဟာမကဘဲ မြင့်မြတ်ပါတယ်... မြင့်မြတ်လွန်းလို့ သူများ စာအုပ်ကို ဖတ်ပြီး အကျယ်ကြီး ထပြောတာပေါ့...ဟုတ်လား.."
YOU ARE READING
အကြောင်းပြချက်မရှိသော