Part 31(Final)

6K 343 17
                                    

Unicode

ရှောင်ကျန်း ဟာကိုယ်ဝန်ရှိတယ်လို့ပြောပီးနောက်ပိုင်း အရမ်းကို ဆိုးလာခဲ့ပါသည်။ တခုခုသူလိုချင်တာခိုင်းလို့များကိုယ်ကတခြားအလုပ်တစ်ခုလုပ်နေလို့ လုပ်မပေးရင် မျက်ရည်က ဘူးသီးလုံးလောက်ကျလာပီး ပါးစပ်ကလည်း စက်သေနပ်ပစ်သလို တရစပ်ပြောပါတော့သည်။ဒါတေကိုဝမ်ရိပေါ်က ဖြေရှင်းပြရင်လည်း သူ့ကိုဂရုမစိုက်ချင်လို့ပြောနေတာဆိုပီး အစကပြန်ငိုပါသည်။ ဒါကြောင့် ရှောင်ကျန်းပြောသမျှ ရွှေဖြစ်နေပါတော့သည်။ လုပ်ချင်တာတေ စားချင်တာတွေ ပြောသမျှဖြစ်နေတော့ ရှောင်ကျန်းရဲ့နေ့ရက်တိုင်းဟာ ရက်ရာဇာတွေကြီးပါဘဲ။ တစ်ခုဘဲ အစပ်နဲ့ပတ်သက်တာမှန်သမျှ တော့ မျက်ရည်ဘူးသီးလုံးလောက်ကျပြလည်း လုံးဝအလိုမလိုက်ပါ။ တီတီတို့က စားစရာလာပို့လိုက် ယောက္ခမကလာပို့ပေးလိုက်နှင့် မတရားတေကို အဆင်ပြေနေပီး စားလိုက်သောက်လိုက် အိပ်လိုက် လိုချင်တာပူစာလိုက် နှင့်နေလာတာ အရင်က ပိန်ပိန် သွယ်သွယ် ရှောင်ကျန်းလေးဟာ ခုတော့ ပြည့်ပြည့်ဝဝ ပူပူလေးဖြစ်လာခဲ့ပါသည်။ ခုလည်းသူ့ကိုသူမှန်ကြည့်နေတာ ချစ်စရာလေးဆိုပီးပါးစပ်ကရေရွတ်နေတာ မပီးတော့ဘူး...

ရှန်ရှန် ကိုယ့်ဟာကိုမှန်ကြည့်ပီး အမြင်မှန်မရသေးဘူးးလား..

ဘာကိုလဲတီလတ်ရဲ့

ဘာကိုရမှာလဲ ငါ့တူလေး တရက်ရက် ဘာမ မလုပ်ဘဲ စားလိုက် သောက်လိုက် အိပ်လိုက် ဂျီကျလိုက်နဲ့ လူကနေ ဝက်ကလေးဖြစ်နေပီ

ဟွန့် ရှန်ရှန် ဒီလောက် ချစ်ဖို့ကောင်းနေတာကို 

တီတီတို့တူလေးက ချစ်ဖို့ကောင်းတာတီတီတို့ကသိပီးသာပါရှင့်ဒါပေမယ့် ရိပေါ်လေးက စီးပွားရေးလည်းလုပ်ရသေး အိမ်ပြန်ရောက်တော့လည်း ငါ့တူလေး ဂျီကျသမျှလည်း လိုက်လုပ်ပေးရသေး ကြာရင်ဟော့ဒီက ရှန်ရှန်လေးကိုကို စိတ်ကုန်ပီး ပစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဟိုကရှန်ရှန်ကိုချစ်နေတာဘဲ ဆိုပီး ဆိုးချင်တိုင်းဆိုးနေလို့မရဘူးလေနော် ဘယ်နေရာ ဖြစ်ဖြစ် အတိုင်းအတာလေးတော့ ထားသင့်တယ်သူလည်း လူတစ်ယောက်ဘဲ စိတ်ညစ်တဲ့အချိန်ဆိုတာ ရှိမှာဘဲ ဒါကို ကိုယ့်ဘက်ကအလိုက်မသိ အရမ်းကြီးမဆိုးနေနဲ့လေနော် ကလေးငယ်

အကြောင်းပြချက်မရှိသောWhere stories live. Discover now