Zawgyi
ဝမ်ရိပေါ်ဆေးခန်းရှေ့ ရောက်ခါနီးမှာ ရှောင်ကျန်းက ဘတ်(စ်) ကားပေါ်က ဆင်းလာတာကို မြင်လိုက်ရသည်။ အကီင်္ျ အပွပွကို ဝတ်ထားပြီး အောက်က ဘောင်းဘီ ကလည်း အပွကိုဝတ်ထားတဲ့ ရှောင်ကျန်း ဟာ ဘယ်လိုလေးမှန်းမသိပါ။ ဆေးခန်းရောက်ခါနီးမို့ မခေါ်ဘဲ ဒီအတိုင်းဘဲ ကြည့်နေလိုက်တယ်.
လမ်းလျှောက်တာကလည်း လေပ်ါများပျံနေလားမှတ်ရသည်။ သားအရင်းထက်တောင် ပိုသဲနေသော မေမေကို ပြလိုက်ချင်ပါသည်။ ဟင်းး...
ကားပါကင်မှာ ကားရပ်ပီး ကားပေါ်ကအဆင်း...
"ဟိတ်ကောင် ရိပေါ်..."
"ဟာ...ခရစ်....မင်း ရှန်ဟိုင်းရောက်နေတာလား.."
"အေး...မင်းဆိုင်တွေလဲ ရောက်ခဲ့ပြီးပြီ အန်တီ ဒီမှာဆို..."
"ဟုတ်တယ်ကွ စစ်ကျွေးတို့ပြောလိုက်တာလား.."
"အေး...သူတို့လည်းပါတယ် ဟိုနောက်မှာ စီးကရက်ဝင်ဝယ်ရင်း ကျန်ခဲ့တာ ငါတို့ အလုပ်ထဲ မင်းမလားတာနဲ့ အိမ်ကို လိုက်လာမယ်ဆိုပြီး ထွက်ခဲ့ကြတာကွ အဲ့ဒါ ဟိုဝင်ဒီထွက်နဲ့ ကားပေါ်က ဆင်းတော့ မင်းကားကို ဒီဆေးခန်းရှေ့မှာ တွေ့လိုက်လို့ ဘာလုပ်တာလဲ အန်တီ နေမကောင်းလို့လား..."
ခရစ်မေးတာကို မဖြေရသေးဘဲ စစ်ကျွေးတို့ပါတယ်ဆိုလို့ လည်ပင်းရှည်ကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီး သူ့မျက်စိရှေ့မှာ တိုးဝင်လာသည်။
ဒီကားကိုမြင်တော့ ရိပေါ်မျက်နှာပျက်သွားသည်။ သူရပ်နေတာကလည်း ဆေးခန်းရှေ့ မှန်တံခါးဘေးမှာမို့ ပွဲက ဒီမှာပဲ ပြီးဖို့ သေချာနေပြီ..
"ရိပေါ်..."
မျန်မျန်က ကားကို လှေကားရင်းမှာရပ်ပြီး ကားပေါ်ကဆင်းတာနှင့် မညင်သာစွာ ခေါ်ခြင်းနှင့်နှုတ်ဆက်လိုက်သည်။
"အစ်မ....ကားနည်းနည်း ရွေ့ပေးပါနော် ဒီနေရာက လူနာအတက်အဆင်းနဲ့မို့ ရပ်လို့ မရပါဘူး"
တံခါးစောင့်ဝန်ထမ်းက ပျူပျူငှာငှာ လာရောက်ပြောဆိုတာကို မတူမတန်သလိုကြည့်ကာ..
"စကား ခဏပြောချင်လို့နောက်ကားလာရင်ရွှေ့ပေးလိုက်.."
ကားသော့က ထိုဝန်ထမ်းထံသို့ ပစ်ပေးလိုက်သည်။ ပတ်ဝန်ကျင်မှာ လူကသိပ်မရှိ.. ခရစ်တို့လည်း အသံတွေ တိတ်သွားကြသည်။
YOU ARE READING
အကြောင်းပြချက်မရှိသော