Zawgyi
"ဟင်..."
သတိရလာသည်နှင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အပေါ်မှာ အဖြူရောင်မျက်နှာကျက် ၊ ဒီဘက်လှည့်၍ နေရာပြောင်းကြည့်လိုက်တော့ ပိတ်ထားသည့် တံခါးချကတွေကို ကန့်လန့်ပိတ်ခံထားသော တစ်ယောက်အိပ် တန်းလျားပေါ်...
"ဝမ်ရိပေါ်..."
ရှောင်ကျန်း ခုတင်ထက်မှာပဲ ငုတ်တုတ်လေး ဖြစ်သွား၏။ ပြန်စမ်းကြည့်တော့ သူမှာလည်း ခေါင်းမှာ ပတ်တီးနှင့်ဖြစ်ကာ ဝမ်ရိပေါ်မှာ လည်းပတ်တီးနှင့်....။
သူဘယ်ရောက်နေတာလဲ......မျက်လုံးကို ဝေ့ကြည့်လိုက်မိသည်။
ခေါင်းရင်းမှာ နံရံကပ်စင်မြင့်လေးနှင့် ဆေးပုလင်းတွေ ဆေးကတ်တွေက အထပ်လိုက် စီစီရီရီ....။ ဒါဆေးခန်းတစ်ခန်းပဲ....။
သူ ညကအပြင်ထွက်မိတုန်း လူရိုက်ခံလိုက်ရသည်။မည်းခနဲ အရိပ်ပဲ မြင်လိုက်ပေမယ့် ထိုလူဟာ ဟိုအရူးကြီး ဦးဖုန်းမြင့်ဆိုတာ သေချာပါသည်။
ဆေးခန်းကိုရောက်လာခဲတာ သူတော်ကောင်းတစ်ယောက်တလေနှင့်တွေ့ပီး...စေတနာနှင့်ပို့ပေးသွားတာ ဖြစ်နိုင်သည်။
ဒါဆို ဝမ်ရိပေါ်ကရော....
ဒီတခါတော့ ကိုယ့်ကို ကယ်ရင်းနှင့် မဟုတ်နိုက်ဘူး ထင်သည်။ ရှောင်ကျန်း လဲကျမူးဝေနေတဲ့အထိ အနားမှာ လူသံသူသံ ဘာမျှ မကြားခဲ့ဘဲ......
သတိမလစ်ခင်အချိန်ထိ သူလူးလဲပြန်ထဖို့ ကြိုးစားပါသေသည်။ ကြိုးစားရင်း သတိလစ်သွားတာ...
ထို့ကြောင့် ဝမ်ရိပေါ် ရောက်လာပီးကယ်တယ်ထားအုံး...သူ့မှာ ဒဏ်ရာရတဲ့အထိ ဖြစ်ဖို့လိုသလား....ဦးဖုန်းမြင့်က ရူးနေပေမယ့် အသိတရားတော့ ရှိနေသေးသည်။ ကိုယ့်ကို ရန်သူလိုသဘောထားခဲ့ပေမယ့် ဝမ်ရိပေါ်ကိုတော့ သိနေနိုင်၏။
"အား.....ကျွတ်.....ကျွတ်......"
"ဟင်!....သူ သတိရလာပြီလား...."
ငေးနေမိဆဲမှာ ဝမ်ရိပေါ် လူးလွန့်လာသဖြင့် အမှတ်တမဲ့ ရှောင်ကျန်းကိုယ်လေး တုန်ခနဲ့ ဖြစ်သွား၏။ ဝမ်ရိပေါ် ညည်းညည်းညူညူနှင့် ဒီဘက်လှည့်ကာ ပြန်၍ ငြိမ်သွား၏။
YOU ARE READING
အကြောင်းပြချက်မရှိသော