Unicode
ဒီနေ့ရိပေါ်အမေက ညစာလာစားဖို့ ခေါ်ထားတာမို့ ရိပေါ်တစ်ယောက် ရုံးစောစောဆင်းပီး အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ ရှောင်ကျန်းတို့သားဖနှစ်ယောက်မှာ ဧည့်ခန်းထဲတွင် အဆင်သင့်ပင်ဖြစ်နေကြပြီဖြစ်သည်။
"ကိုယ်နောက်ကျသွားတာလား "
"မကျပါဘူး ငါကဘာမလည်း လုပ်စရာမရှိတော့ စောစော ပြင်ထားလိုက်တာ ရေတန်းမချိုးနဲ့အုံးနော် ခဏနားပီးမ ချိုး"
"အာ...က်ိုယ်မချိုးတော့ဘူး အဝတ်စားဘဲလဲလိုက်မယ်"
"မဟုတ်တာ စောပါသေးတယ် အေးအေးဆေးဆေးမှ သွားလဲရတာကို.."
"ကိုယ်အဆင်ပြေတယ် ဟိုရောက်မ ချိုးလဲရတာကို ခဏစောင့်နော် ကိုယ် မြန်မြန်လဲလိုက်မယ်.."
"ဒယ်ဒီမြန်မြန်နော် သားသား ဗိုက်ဆာနေပီ။"
"ဟုတ်ပါပီခင်ဗျာ "
အပေါ်အပေါ်အမြန်ဝတ် အဝတ်စားအဆင်ပြေတာလေး ယူဝတ်အောက်ဆင်းခဲ့ပီး သားဖသုံးယောက် ဝါးတီစွဲဖို့ထွက်ခဲ့ကြသည်။
"ဟယ် သားတို့ရောက်လာကြပီ....
အကိုရေ...သားတို့ရောက်လာကြပီ...""မဟုတ်တာအန်တီရယ် ကျတော်တို့အထဲရောက်မှ နှုတ်ဆက်လိုက်ပါ့မယ်..."
"ဘွားဘွား သားသားလည်းပါပါတယ်ခင်ဗျ"
"အော် ဘွားမြေးလေး ပါတာဘွားကသိပါတယ်ရှင်"
"ဟွန့် ပါးပါးဘဲ ဂရုစိုက်နေတာ"
"သားသားနော် အလိုလိုက်လို့ဆိုးနေတာလား"
နှုတ်ခမ်းဆူကာ အိမ်ထဲကို ကော့တော့ကော့တော့နှင့်ဝင်သွားလေသည်။
"ဝမ်ရိပေါ် ဒီအမေကိုနှုတ်ဆက်ကောင်းတယ် သိလား"
"မေမေက မေ့သမက်ကိုများ အလွမ်းသည်ချင်အုံးမလားလို့စောင့်နေတာပါဗျာ"
"ဟွန့် ပြောလိုက်ရင် ဆင်ခြေလေးနက် မင်းအဖေအတိုင်းဘဲ လာလာ ရှန်ရှန်လေး အိမ်ထဲသွားကြမယ်"
"ဟုတ်.."
အိမ်ထဲမှာ သားသားက သူ့ဖိုးဖိုးပေါင်ပေါ်မှာ နှုတ်ခမ်းတထော်ထော်နှင့် သူ့ကို ဘွားဘွားကအရေးမလုပ်ကြောင်းနှင့် ပါးပါးကဆူလိုက်ကြောင်းတိုင်ပြောနေလေသည်။
![](https://img.wattpad.com/cover/204569321-288-k651193.jpg)
YOU ARE READING
အကြောင်းပြချက်မရှိသော