Zawgyi
ရှောင်ကျန်း ဝမ်ရိပေါ်ကို စိတ်အရမ်းဆိုးပီးသာ ထွက်လာခဲ့ပေမယ့် ရှန်ဟိုင်းမှာကိုယ်နှငိ့သိသူကကျူလျိုကလွဲလို့ မရှိတာကြောင့် ဘယ်သွားရမည်သူမသိ။ အခုအနေအထားကြီးနှင် ကျိုလျိုဆီလည်းသူမသွားချင်ပါ အရင်ကိုယ်တစ်ယောက်ထဲနေရတာတောင်အားနာနေရတဲ့ အခြေအနေကြီးကို အခုလိုဗိုက်တလုံးနှင့်သူ့ကို ကျုလျိုက ကြည်ဖြုရင်တောင် သူ့မိဘတွေကိုအားနာဖို့ကောင်းသည်။ နောက်တစ်ခုက တီလတ်နှင့်တွေ့မှာကိုလည်း သူစိုးရိမ်သည်။ ဒါကြောင့် အဝတ်အိတ်ကိုဆွဲ ပြီး လမ်းမကြီးကနေမသွားဘဲ လမ်းကြားတွေထဲကနေ သူရှောက်သွားနေမိသည်။ ခုချိန်ထိ သူ့မှာဦးတည်ရာနေရာမရှိသေး။ အတွေးများနှင့် လမ်းရှောက်နေသော သူ့က ပတ်ဝန်းကျင်ကိုသတိမထားမိပါ...
"ဟေ့...မင်းလားကွ ငါ့ကိုခဲနက်ပေါက်ပြေးတဲ့ကောင်"
"ဟင်.. ဦးဖုန်းမြင့်.."
ရှောင်ကျန်းတစ်ယောက် အလန့်တကြားထွက်ပြေးမိသည်။ကံတရားရယ် ငါ့ကိုလည်း မျက်နှာသာ ပေးပါအုံးလား...
ရှောင်ကျန်း... အိတ်ကိုဆွဲပီးပြေးတာရော.. ဗိုက်ထဲမှာ ကလေးရှိနေတယ်ဆိုသည့်အသိကြောင့် ထိန်းပြီးပြေးနေရတာ ထင်သလောက်မလွယ် လမ်းကြားတွေထဲကိုပတ်ပြေးနေတာကြောင့်သာ သူ့ကိုဦးဖုန်းမြင့်မမှီခြင်းဖြစ်သည်။ လမ်းကြားတွေထဲကနေ လမ်းပေါ်ကိုဘယ်လိုတတ်ရမှန်းသူမသိပါ လာတုန်းကသာ တွေ့ကရာလမ်းထဲ အတွေးများနှင့် လျှောက်သွားနေတာမို့ သတိမထားမိခဲ့။ ပြေးနေရင် နောက်ကိုကြည့်လိုက်တော့ ဦးဖုန်းမြင့် ကအရက်ပုလင်းကို ကိုင်ပြီးပြေးလာတာမို့ သူလည်း လမ်းကြားတစ်ခုထဲကိုဝင်ပြီး လွတ်အောင်ပြေးရတော့တာပေါ့... ပြေးနေရင်း main လမ်းမကြီးကိုမြင်တော့ ရှောင်ကျန်း ဝမ်းသာသွားသည် ဘာဖြစ်ဖြစ် လမ်းကြားတွေထက်တော့ အန္တရာယ် ကင်းနိုင်တာမို့ သူလမ်းမကြီးဘက်ကို အသကုန်ပြေးနေမိသည်။ နောက်က ဦးဖုန်းမြင့်ကလည်း ရှောင်ကျန်းကိုမမှီတာကြောင့် စိတ်တိုကာ အမှီပြေးလာသည်။ ရှောင်ကျန်းဘာမှ မစဉ်းစားတော့ဘဲ လမ်းမကြီးကိုဖြတ်ကူးဖို့သာ စိတ်စောနေတာမိသည်မို့ ဘေးဘီဝဲယာကိုလည်းမကြည့်ဘဲလမ်းကိုအပြေးဖြတ်ကူးလိုက်သည်။
![](https://img.wattpad.com/cover/204569321-288-k651193.jpg)
YOU ARE READING
အကြောင်းပြချက်မရှိသော