Part 8

3.2K 263 4
                                    

[Zawgyi]ပေကျင်းမှာ ရှောင်ကျန်းသူငယ်ချင်းအိမ်မှာခဏနေနေရသည်။ အိမ်ကထွက်ပြေးလာတာမို့ ပိုက်ဆံအပိုမပါ.. ဒါကြောင့် ရှောင်ကျန်းကသူ့သူငယ်ချင်းကို နာရီရောင်းခိုင်းတာ နာရီထဲမှာ...စိန်ပွင်သေးသေးလေးတွေမြုပ်ထားတာကြောင့် နာရီတန်ဖိုးကို မခန့်မှန်းနိုင်ပါ...။

"ရှန်ရှန်..မင်းဒီနာရီကို မေမေကိုမပြနဲ့နော်...မေမေကပွဲစားဆိုတော့ မင်းနာရီထဲ စိန်တွေကို တန်းဖိုးဖြတ်တာတွေ ဘာတွေလုပ်ရင်းပြန့်ကားသွားရင် မင်းအန်တီတို့ လိုက်လာကြလိမ့်မယ့် ပီးတော့ မေမေလည်း ရတနာကုန်သည်ပေမယ့် မေမေ ကိုင်တာတွေထဲမှာ ဒီလိုပစ္စည်းမျိုးတစ်ခါမှ မတွေ့ဖူးဘူး...ပီးတော့ မင်းဒီမှာမနေချင်တာ ငါနားလည်ပါတယ်.... နေကြည့်လိုက်ပါအုံးကွာ....မင်းငွေလိုရင် ငါ့ဆီမှာရှိတယ်... အလကားမသုံးချင်ရင်နောက်တော့ ပြန်ဆက်ပေါ့.."

"အေးပါကွာ..ငါတစ်ပတ်လောက်တော့ နေဦးမှာပါ....ဒါပေမယ့်ငွေတော့ မချေးချင်ဘူးကွာ.... ဒီလက်စွပ်လေးရောင်းပေး..."

"အေးပါကွာ...ဒါနဲ့မင်းဘာသင်တန်းတတ်မှာလဲ......"

"ဘာသာစကားသင်တန်းတစ်ခုပေါ့ကွာ...ဒါနဲ့ ငါ့အန်တီတို့ ငါဒီမှာဆိုတာမသိပါစေနဲ့ကွာ..အေး...သိသွားတဲ့နေ့ မင်းနဲ့ငါ သေခန်းပြတ်နော်..."ဟုပြောထားသေးသည်. ။

ရှောင်ကျန်နှင့်ကျူလျို မှာ အဝေးသင်ဖြေကြရင် သူငယ်ချင်းဖြစ်လာကြသည်။ကျောင်းပီးသွားတော့လည်း ရှောင်ကျန်းရှန်ဟိုင်းမှာရှိနေသမျှ ကျူလျို အိမ်ကို အလည်လာတတ်သည်။ ဒါကြောင့် ကျူလျိုမိဘများကလည်း ရှောင်ကျန်း ကို ချစ်ခင်ကြသည်။

ခုတော့ ကိုယ်တော်လေးက တစ်ကိုယ်တော် စွန့်စားချင်လို့တဲ့...။ဘယ်လိုလုပ်ပေးရပါ့။

.......................................................

ကန်တင်းမှာ စုဝေးမိကြသည်နှင့် ဖောင်သာအောင် ပြောနေတာက ဘယ်မိန်းကလေး ဘယ်လိုလှကြောင်း...။

ရိပေါ်တို့ အုပ်စုကတော့ ငြိမ်သက်နေကြ၏။ သူတို့ ကကျောင်းသားတွေမှ မဟုတ်ကြဘဲ။

"ရိပေါ် မင်းဒီမှာ မနားသေးဘူးလား..."

"နားမယ်..ဒါပေမယ့် ဆရာ့ကို ငဲ့ရမယ်ကွ ဆရာလုံးဝကျန်းမာလာမှဖြစ်မှာ မဟုတ်ရင် ငါ့ကြောင့် ဆရာနေရာပျောက်သွားမှာ စိုးတယ်..."

အကြောင်းပြချက်မရှိသောWhere stories live. Discover now