Part 28

4.2K 322 14
                                    

Unicode

"သားသား ဒယ်ဒီပြောထားတာ မှတ်မိတယ်မို့လား ပြန်ပြောရအုံးမလား"

"သားသားမှတ်မိပါတယ်"

ဒါဆိုဒယ်ဒီကို တစ်ခေါက်ပြန်ပြောကြည့်...

သားသားက သူ့ကို နှုတ်ခမ်းဆူပီးကြည့်နေတာမို့

"ဒယ်ဒီ သားလေး ဉာဏ်ကောင်းတာ ဒယ်ဒီသိပါတယ်ကွာ ခုဟာက ဒယ်ဒီစိတ်ပူနေလို့ပါကွ"

သားက သူ့ကိုမနိုင်ဘူးဆိုသည့် သဘောဖြင့် ခေါင်းလေးယမ်းကာ

"ဒီနေ့ပါးပါး ကို WX shopping mallကို မရရအောင် ခေါ်လာရပါမယ်ခင်ဗျ... "

"ဟား..... သားရယ် ဘယ်သူနဲ့တူလို့ဒီလောက် ချစ်စရာကောင်းနေတာလဲ... "

မကျေမနပ် နှုတ်ခမ်း တထော်ထော်နှင့် စကားပြောနေသည့်သားဟာ မျက်နှာမြင်ချစ်ခင််ပါစေဆုပြည့်သည့်နှယ်။ခုလည်း ပြောသွားလိုက်တာ ဘယ်လောက်ချစ်ဖို့ကောင်းလည်း ရှောင်ကျန်း ဆီကချစ်စရာကောင်းမှုတွေ သားအမွေရထားတယ်ဆိုတာ ပြောစရာတောင်မလို။

"ပါးပါးနဲ့တူလို့လေ....... ဒယ်ဒီနော် ကတိတည်ရမယ် သားသားလေ ကလေးပိစိလေးလိုချင်လှပီ မြန်မြန်ခေါ်ပေးလေနော်... "

"ဟုတ်ပါပီကွာ.... စိတ်ချ သားဘက်ကတာဝန်ကျေရင် ဒယ်ဒီဘက်ကလည်း ရအောင်လုပ်ပေးမယ်.. ဟား.."

ရှောင်ကျန်းတာ ကြားရင် မျက်နှာလေး နီရဲပြီး သားကို ဒီလိုပြောရမလားဆိုပီး ဆူနေမလား မပြောတတ်.... ။ရှောင်ကျန်းအကြောင်းတွေး ရင် အမြဲတမ်း ပြုံးနေမိသည်။ အဲ့ဒီကောင်လေးကို ဒီလောက် ချစ်သွားမယ်လို့ တွေးတောင်မတွေးမိ...။

သားသားကို ဝင်ပို့ပီးတော့ ရုံးကိုအမြန်သွား မနက်ပိုင်း အရေးကြီး အစည်းအဝေးတခုရှိတာမို့ ရုံးကို လာရသေးသည်။ ဒီနေ့မှာတော့ ဟွိုက်ဆန်းနှင့် စစ်ကျွေးကိုတော့ ရုံးမလာခိုင်းဘဲ WXမှာ စီစဉ်ခိုင်းထားသည်မို့ ရုံးမှာ ရှိမနေ...။ အစည်းဝေးပီးလို့ နာရီကြည့်မိတော့ 11နာရီကျော်နေပီ မန်နေဂျာကို မှာသင့်တာ မှာပြီး ကားဆီကိုထွက်ခဲ့လိုက်သည်။ ကားပေါ်တတ်ပီး စက်နိုးနေတုန်း ဖုန်းသံမြည်လာတာမို့ ကြည့်လိုက်တော့ သားသားကျောင်းက.. ဒီနေ့စောဆင်းပေးမှာမို့ စောစောလာကြိုပေးရန်ပြောခြင်း..။ ရှောင်ကျန်းကိုဆက်ပေမယ့်ဖုန်းမကိုင်လို့ဆိုတာပါ တစ်ခါထဲပြောသွားသေးသည်။ သားကို သူလာကြိုမည့်အကြောင်းကို ဆရာမကို တခါထဲ ပြန်ပြောလိုက်ရသေးသည်။ မဟုတ်ရင် သားက ရှောင်ကျန်းကို ရှာလို့မတွေ့ရင် စိတ်မကောင်းဖြစ်မှာစိုးတာမို့........။

အကြောင်းပြချက်မရှိသောWhere stories live. Discover now