Zawgyi
"ဒါဆို ကိုယ်ပြန်လို့ ရပီလား မျန်မျန်..."
"အိုခေ..."
ကျင်းဇီရွှင်း ထပြန်သွားသည်နှင့် မျန်မျန် မျက်ဝန်းလေးတွေ သူ့ဆီ ရောက်လာသည်။
"မျက်နှာကြီးက ပွထနေတာပဲကွာ... မကျေနပ်သေးလို့လား..."
"မဟုတ်ပါဘူး မျန်မျန်ရယ် မျန်မျန် လုပ်ပုံက ကိုယ်ကပဲ သဘောထားသေးနေသလိုလို မကောင်းပါဘူး.."
"သဝန်တိုတာနဲ့ သဘောထားသေးတာ ရောမပြောပါနဲ့ ရိပေါ်ရယ်...ယူ တို့ကို သဝန်တိုရင် တိုခွင့်ရှိတယ် စိတ်ဆိုးမယ်ဆိုလဲ ဆိုးခွင့်ရှိတယ်လေ တို့တွေက ချစ်သူတွေပဲဟာ တို့လဲ ယူကို သဝန်တိုခဲ့တာပဲ ဘာမလုပ်ရဘူး ဘယ်မသွားရဘူး ချုပ်ချယ်ခဲ့တာပဲ"
"မဟုတ်ဘူးလေ ကိုယ်က ယောက်ျားလေး"
"ယောက်ျားလေးတွေ အူတိုကြတာ အများကြီးပါကွာ...ရိပေါ်က မျန်မျန် အရွဲ့တိုက်တုန်းက တကယ်ဘာမှ မခံစားရဘူးလား စိတ်တိုလို့ ဖုန်းမဆက် ခေါ်တာမလာဘဲနေခဲ့တာ မဟုတ်ဘူးလား ကဲ...ဖြေစမ်းပါ"
"ဆန်းမှ မဆန်းတော့တာ မျန်မျန် ရယ်"
"ဟင်..."
"မင်းကိုယ့်ကို စိတ်ဆိုးသွားတိုင်း ကိုယ့်မှာ နေရာမပျက် သဘောအတိုင်း ကျန်ခဲ့တာ တစ်ခါမှမရှိပါဘူး အရက်တွေမျိုချချင်တယ် အအိပ်ပျက် အစားပျက် ဖြစ်ရတယ် မင်း ပြန်မခေါ်မချင်း ထိုင်မရထမရပါ ဒါပေမယ့် ကိုယ်က ချစ်နေရတဲ့သူအဖြစ် နေတတ်အောင် နေရတာပဲ"
"အဲဒီလိုတော့ မပြောပါနဲ့ ရိပေါ် ကချည်း ချစ်နေရတဲ့သူဆိုတော့ တို့က မချစ်ခဲ့လိုလား"
ရိပေါ် က မဖြေပါ။ စီးကရက်ကိုထုတ်ပြီးမှ မီးမညှိဖြစ်ဘဲ ဘူးခွံနှင့် တိုက်ဆော့ရင် မျက်နှာကို ခပ်လွဲလွဲ လုပ်နေ၏။
"ရိပေါ်..."
"ဟင်..."
မျန်မျန် က ရိပေါ် လက်မောင်းကို ကိုင်လှုပ်ပစ်ကာ...
"ပြောလေ...ယူ့ရင်ထဲမှာ အဲဒါတွေ ထည့်ထားခဲ့တာလား..."
"ထည့်မထားပါဘူး ဒါပေမယ့် ကိုယ် အမြဲတမ်း အလျှော့ပေးခဲ့တာ မျန်မျန် သိပါတယ် ဒီကိစ္စလောက်ကျမှ..."
![](https://img.wattpad.com/cover/204569321-288-k651193.jpg)
YOU ARE READING
အကြောင်းပြချက်မရှိသော