Part 4

4.5K 294 2
                                    

Zawgyi

"ဟေ့.... ဒီဘက်ကိုပြေး....."

"ဟင်.....ဝမ်ရိပေါ်......"

ရှောင်ကျန်း ကြာကြာစဉ်းစားချိန်မရလိုက်ဘဲ သူပြောတဲ့ဘက်ကို ဇွတ်တရွတ်ပြေးခဲ့၏။

"ဦးလေး...."

"ဟာ...ဘာလဲ....ခွေးကောင်လေး...."

သူ့ရှေ့ပိတ်ခံပီး ရပ်လိုက်တာကြောင့် လက်သီးဆုပ်ကြီးက မျက်နှာဆီ ပစ်ဝင်လာ၏။ သူကမန်းကန်းနှင့် ဆုတ်ရှောင်လိုက်ရင်း

"ဦးလေး.... ကျတော်ကို မှတ်မိလား....အိမ်မှာ အလှူလုပ်တိုင်း ဦးလေးအတွက် လာလာပို့ပေးတာ မမှတ်မိတော့ဘူးလား...."

မေးတာမေးရတာ ရူးနေတဲ့သူဆိုတော့ စိတ်က ကြောင်တောင်တောင် ဟိုရောက်ဒီရောက်။ခဏငြိမ်းသွားပေမယ့် သူ့ကို တားဆီးလိုက်တာကို ကျေနပ်ပုံမရ။

ရိပေါ်မှာလည်း ဒီအရူးကြီး အစပေါ်အောင် ဟိုပြောဒီပြော ပြောရင်း အကိုင်မခံ အဆွဲမခံသည့်လက်ကိုပဲ လိုက်ဆွဲ ပြုံးပြနှင့် ကြိုးစာနေရသည်။နောက်ဆုံးမှာ ဒေါသ ငြိမ်သက်သွားးပီး ရိပေါ်ကို မှတ်မိသွားလေသည်...

"မင်းဘယ်တုန်းက Chongqing ကိုရောက်နေတာလဲ...."

"ဒါ ရှန်ဟိုင်းလေ...."

"ဟင်...."

ဒီအရူးကြီးနာမည်က ဦးဖုန်းမြင့်..ပါ.. လုံးဝသဘောကောင်းပီဆိုရင် ပြုံးနေတတ်သည်။ ထိုနေ့က ကြည့်ရသလောက်မှာ သူခြုံတိုးပီး အပေါ့သွားနေတုန်း လောက်လေးကြောင့်တော်တော် ဒုက္ခရောက်သွားပုံရသည်။ထို့ကြောင့် ရှောင်ကျန်းကို မမေ့နိုင်ဘဲ လိုက်ရှာနေတာဖြစ်မည်။

အရူးဆိုပေမယ့် တကယ်ဒေါသဖြစ်နေပုံက မကျေနိုင်မချမ်းနိုင် ဆိုတော့ ဒါ လွယ်တဲ့ကိစ္စ မဟုတ်...။ဦးဖုန်းမြင့်တို့က မွေးချင်းမောင်နှမ တောင့်တင်းသည်။ အရူးပေမယ့် လူရမ်းကားမဟုတ်တော့ သူ့ကို မွေးချင်းတွေက အလိုလိုက်ကြသည်။

ခုလိုခရီးသွားမယ် ဘာညာထဖြစ်ရင်လည်း ပိုက်ဆံအလုံအလောက်နှင့် ပေးလွှတ်သည်။ မျက်လုံးအောက်နေ ဦးဖုန်းမြင့် ပျောက်သွားပြီပေမယ့်.... ရိပေါ်ခေါင်းထဲ ရှောင်ကျန်းအတွက်တွေးမိသည်။...သူ ရှန်ဟိုင်းရောက်တာ ကြာနေပီလား.....

အကြောင်းပြချက်မရှိသောWhere stories live. Discover now