Part 6

3.6K 249 3
                                    

Zawgyi

"ဟာ....မပြန်ပါဘူး...လုံးဝမပြန်ဘူး...Chongqing ကိုပြန်ဖို့ မပြောနဲ့ ရှန်ဟိုင်းမှာလဲ မနေချင်ဘူး..."

"ဘယ်လို...".

"ပေကျင်း...ကိုလိုက်ခဲ့မယ်လို့  သူငယ်ချင်းကိုပြောလိုက်ပြီးပြီ..."

"ဘာ...."

"ဟုတ်တယ်..."

"ရှောင်ကျန်းးးး"

"ခေါ်ပေါ့...ဒီလိုနာမည်အမှန်တိုင်းကို အပြည့်အစုံခေါ်တတ်တာ အဘွားတစ်ယောက်ပဲ...။"

ရှောင်ကျန်း...က ထမင်းပန်ကန်ကိုရော..ဖိကြိတ်ဝါးနေသည့်...မျက်နှာကိုပါ....ဟိုဘက်ရွေ့ပစ်လိုက်ပီ.....မဲ့ရွဲ့နေ၏

"မြေး....မြေး....ဒီဘက်ပြန်လှည့်စမ်းး"

"သွားမှာဘဲ...."

"နေဦးလေ...ပြောတာကို နားထောင်...ခက်တော့တာဘဲ...."

ရှောင်ကျန်း ထမင်းပန်းကန်ကို ဘေးတွန်းပို့ပီး ဆန္ဒပြနေသည်။ ထိုအခါ စားခါစပန်းကန်နှင့် ရှောင်ကျန်း ကိုကြည့်ရင် ရှောင်ကျန်းအဘွား အထိတ်တလန့်ဖြစ်ရပြန်၏။

အနာရှိန်တက်နေလို့ မနေ့က ဖျားခဲ့သည်။ ဒီနေကျမှ ထမင်းစားရတာ့ဖြစ်သည်။စားလို့ကောင်းလိုက်တာ ဆိုပီး ကိုယ်ချက်ထားတာလေးတွေကို အားပါးတရ စားနေတာမို့ ကိုယ်စကားကြောင့် အစားပျက်သွားတော့ ရင်ထဲမှာ နင့်သွားသည်။

"ထမင်းစား၊ ထမင်းစားပီးမှ ပြောရအောင်..."

မ"စားချင်တော့ ထပ်ပြောလဲ ဒါတွေပဲမို့လား ရှန်ရှန်တစ်သက်လုံး အဘွားအိမ်နဲ့ Chongqing ကလှောင်ချိုင်ထဲ ဒါပဲ.."

"ဟဲ့...လှောင်ချိုင့်လို့ပြောစရာလား.."

"ဘာထူးလို့လဲ..ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်တာတောင်ခု အဝေးသင်နဲ့ပဲ ကျောင်းပြီးခဲ့ရတာ.. တွေးကြည့်ရင် အရမ်း ဝမ်းနည်းဖို့ ကောင်းတာပဲ..."

"အချစ်ခံရတာပါ...မြေးရယ်... ဒါ...ကို ဝမ်းနည်းစရာလား..."

"ဘယ်သူတွေက ချစ်တာလဲ အဘွားတို့ အန်တီတို့ကလား... ရှန်ရှန်...ကနွားခြေရာခွက်ထဲက ဖားလိုပါပဲ.. ကိုယ့်ဒေါ်လေး ကိုယ့်လူတွေအပေါ်မှာ ဆိုးလို့ ကောင်းပြီး...ကိုယ့်ကိုယ်ကိုယ် ဟူတ်လှပြီ ထင်နေတာ အပြင်လဲ ထွက်ရော..ဟိုလူနဲ့ အဆင်မပြေ ဟိုလူကကြည်ပေါက်နဲ့ကြည့် ဘာကောင်းလဲ... ကိုယ့်ကိုယ့်ကိုယ် အသိမကျယ် အမြင်ကျဉ်းကျဉ်းနဲ့ လူ ဖြစ်လာမှန်းသိရတယ်..."

အကြောင်းပြချက်မရှိသောWhere stories live. Discover now