Zawgyi
(တခုရှင်းချင်တာက ရှန်ရှန်လေး ကငယ်ငယ်လေးထဲက အဒေါ်တွေ အဘွားတွေနဲ့ဘဲနေခဲ့ရတာမို့.... သူ့ကို အဘွားတွေ အန်တီတွေက လုံးဝစိတ်မချပီး......အရမ်း sensitive ဖြစ်တာလွန်းတာပါ....တဦးထဲသော တူလေး...ပီးတော့အသိုင်းအဝိုင်းကြီးထဲကမို့ပါ.........)
"ပြောစမ်းရှန်ရှန်ကို ဒီသတ္တဝါ ဘာတွေပြောလာသေးလဲ.... တော်သေးတာပေါ့....ဘာမှမဖြစ်ခဲ့လို့..."
"တောထဲမှာ အရူးနဲ့တွေ့လို့ထွက်ပြေးခဲ့ရသေးတယ်...တီတီကြီးရ....."
"အမလေး.....တောထဲတောင်ရောက်သွားသေးတယ်.....အရူးလိုက်လို့ ဟိုကောင်နဲ့ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက်.....ရှန်ရှန်ရယ် .......ရေ.......ရေ.....ပေးစမ်းပါ...ငါ့ကို....."
"ဟဲ့ ....ဝမ်နင်းရယ် .....သူများရေတောင်းမှဘဲ သူ့မှာ....."
"နားထောင်ရသူလဲ ရင်တွေတုန်တာဘဲ....."
"ဘာတုန်တာလဲ ကလေးကို ဆုံးမရင် နင်ပဲ ကပ်ကပ်ပီး မြှောက်ပေးနေတာ...."
"ချော့တာပါ...ကျန်းကျန်းရယ်....မြှောက်တော့မပေးပါဘူး.... အခုကြည့်ပါအုံး...."
စကားစမဖြတ်ပဲ ရေသောက်လိုက်တာကြောင့် ရေနင်ပီးမျက်လုံးကြီး ပြူးထွက်လာသည်။
"ဟဲ့...ဟဲ့...."
ဝမ်ချင်းထပြေးသွားသဖြင့် သတိလစ်မတတ် ဟိတက်နေသော ကျန်းချန်လည်း မနေနိုင် ထိတ်လန့်ပေါက်ကွဲတာတွေ ရပ်ကုန်ကာ ဝမ်နင်းကိုပဲ ပြုစုနေကြပြန်သည်။
ရှောင်ကျန်း တစ်ယောက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ထိုင်ရာကမထ....
အပျိုကြီးသုံးယောက်လုံး ကံတူအကျိုးပေး ညီအစ်မတွေဆိုလည်း မမှားပေ။ ကျန်းချန်က ရည်စားသနားစိတ် ဘယ်တုန်းကမှ မရှိတာမို့ အိမ်ထောင်မပြုဘဲ စီးပွားရေးကို တစိုက်မတ်မတ်လုပ်ခဲ့တာ....
ဝမ်ချင်းကတော့ ကျောင်းတတ်တုန်းက ကျန်မာရေးချွတ်ယွင်းမှု တခု အကြီးအကျယ် ဖြစ်ပြီး အိမ်ထောင်ကြလည်း ကလေးမရနိုင်တော့ဘူးလို့ ကြားကတည်းက ဘယ်တော့မှ အိမ်ထောင်မပြုဘူးလို့ဆုံးဖြတ်လိုက်တာ....
YOU ARE READING
အကြောင်းပြချက်မရှိသော