ZAWGYI
"မင်းဘာဖြစ်နေတာလဲ ရိပေါ် တစ်နေ့လုံးလဲ တငိုင်ငိုင်နဲ့........တောပြီလေကွာ..."
"အေးလေ...ရည်းစား လင်နောက်လိုက်တာကျနေတာပဲ၊ စိတ်ကိုမရှည်တော့ဘူး....."
"သူဘာဖြစ်နေတာလဲ....မျန်မျန်ကြောင့်လား..."
ဒီနေ့ မျန်မျန် လိုက်ပို့ခိုင်းတဲ့နေရာကို သူမသွားနိုင်ခဲ့ပေ။ မျန်မျန်ကလဲ နောက်ထပ်တစ်ယောက်နဲ့တွဲပြီး သူ့ရှေ့ကို ရောက်အောင် လာသွားခဲ့သည်။
သူစိတ်မကောင်းပါ။ အထူးသဖြင့် သူငယ်ချင်းတွေရှေ့မှာ မို့ရှက်မိသည်။ မျန်မျန် ဟာ ဒီနေ့ထိ သူ့အပေါ်မှာ သည်းခံခဲ့တာ ဘာမှ မရှိသေးပေ။
ဒီကောင် သည်းခံခွင့်လွှတ်နေခဲ့လို့ ဒီနေ့အထိ မြဲနေတာ ဖြစ်တဲ့အကြောင်း သူမရဲ့လုပ်ရက်က သက်သေပြသွားခဲ့သလိုပင်...။
ရှက်တာကတော့ အမှန်ပါ။
ဒါပေမယ့် သူအရက်သောက်ရလောက်အောင်တော့ ထိခိုက်သွားခဲ့ခြင်း မရှိတာ အဲ့ဒီအချိန်လေးမှာ သေချာခဲ့၏။
နေမြင့်လေ အရူးရင့်လေ ဖြစ်ခဲ့တာက ဘယ်လို ဝေဒနာမှန်း မသိ သူဒီနေ့ အိမ်ပြန်ချိန်က ထူးခြားနေ၏။ သူငယ်ချင်းတွေက မေမေ ရောက်လာလို့ မေမေနဲ့ အိပ်သည်ထင်သော်လည်း...
"မင်းမားသားကြီးက မင်းကို ကွိုင်ရှာပဲ ရိပေါ်..၊ကိုယ့်အမေ လာကာမှပဲ မင်းမှာ မဖုံးနိုင်မဖိနိုင်...."
"အေးလေ သူ့အကျင့်က ဒီလိုပဲဆိုတာ မင်းမသိဘူးလား မနက်ဖြန်ကျတော့ မင်း ပြေးဒူးထောက်လိုက်ရင် ပြီးသွားမှာပဲ...."
"ဟား....နားညည်းလိုက်တာကွာ...ကျွတ်!..."
"သေလိုက်..."
သူငယ်ချင်းတွေက မျန်မျန်နှင့်ပတ်သက်တိုင်း သူ့အပေါ်မှာ ဤသို့သော မေတ္တာတွေထားခဲ့ကြလျက်....
"ကဲ....မင်းကားမမောင်းနိုင်တော့ဘူးမို့လား..စီကျိန်းကို လိုက်ပို့ခိုင်း...."
"ဟုတ်တယ် ငါတို့က ဆိုင်ပြန်ရဦးမှာ..."
"ရတယ်...ဘယ်သူမှ မပို့နဲ့..."
"ရိပေါ်...."
"ဖယ်ပါ...ငါ..ဒီလောက် မမူးပါဘူး..."
YOU ARE READING
အကြောင်းပြချက်မရှိသော