zawgyi
"ရိပေါ် ဟိုနေ့က ရှောင်ကျန်း ဆိုကောင်လေးကို ဘယ်လိုစီရင်ခဲ့လဲ"
"စီရင်ရအောင် ငါက တရားသူကြီးလား..."
"မင်း သူ့ကိုမင်းမှ စီရင်ချက်မချရင်..."
"စီရင်ချက်ချလို့လဲမရဘူး....လိုလဲမလိုဘူး စကားပြောလိုက်ရင် ပိတ်ရိုက်ချင်စရာတွေချည်းပြောနေတာ...."
"အဟွန်း..မင်းကလည်း ချစ်ဖို့ကောင်းတယ်မို့လား..."
ရိပေါ်က စစ်ကျွေးကိုကြည့်လိုက်တော့ စပ်ဖြဲဖြဲ မျက်နှာကိုအတင်းအကျပ် ပြန်တည်ထာရသည့်ပုံနှင့်....
"တစ်မြို့ထဲသားချင်တွေကို မင်းကလဲ...ငါတို့ကတော့..မင်းရဲ့မျန်မျန်ထက်စာရင် ရှောင်ကျန်းကမှ ပိုပီးချစ်ဖို့ကောင်းအုံးမယ်..."
"ငါယောက်ျားတွေစိတ်မဝင်စားဘူး..."
"ငါတို့ကလည်းမင်းကို ယောက်ျားတွေကိုစိတ်မဝင်စားခိုင်းပါဘူးကွာ ခုဟာက ရှောင်ကျန်းကအရမ်းဖြူစင်လွန်းလို့....ပီးတော့ မင်းရဲ့မျန်မျန်ကြောင့် မင်းဘယ်လောက်ညစ်နေလဲ ငါတို့သိတယ်..."
"အဲ့လိုဟုတ်ပေမယ့် ခုတလော မျန်မျန်အချိုးတွေပြောင်းလာပုံကွ...ညကဒီကောင်မရှိတုန်းဖုန်းဆက်တယ်...."
"ဟင်...."
"ဟွိုက်စန်း မင်းတကယ်ပြောတာလား..."
ရိပေါ်မျက်မှောင်ကြုတ်၍ထပ်မေးသည်။
"တကယ်မို့ပြောတာပေါ့ကွ ငါကတော့ ပြောလိုက်တယ် မင်းစိတ်ဆိုးလဲမတတ်နိုင်ဘူး... သူကမနက်ခုနှစ်နာရီကြီးချိန်းတော့ စိတ်ကတိုလာတာနဲ့ သူတို့မြို့က ကောင်းလေးတစ်ယောက် ရောက်နေတယ်လို့ အဲ့ဒါ သူမလားအားဘူးလို့..."
"မင်းကွာ..."
"ငါကြိုတောင်းပန်ထားတယ်နော်..."
"တောင်းပန်ထားတယ်ဆိုပြီး ထင်သလို ပြောထည့်လိုက်လို့ ရမလားကွ ကျွတ်...မင်း တကယ့်ကောင်ပဲ..."
ဒီလောက်လေးပြောနေပေမယ့် ရိပေါ် ဘယ်လောက် စိတ်ဆိုးနေပြီမှန်း ဟွိုက်စန်းနားလည်သည်။ ဘာဖြစ်ဖြစ် ဒီမိန်းမကို ဒီလိုပြောမိလို့ မုန်းသွားလည်း မတတ်နိုင်။ သူငယ်ချင်းကိုနိုင်နေလွန်းလို့ ဒေါသတွေဖြစ်ရတာ ကြာလည်းကြာခဲ့ပြီ။ များလည်းများခဲ့ပြီ။ ဒီလောက်တာ့ အနစ်နာခံ ပြီးဆောင်ရွက်ပေးမှလို့ စိတ်ကိုပြန်တင်း၍...
YOU ARE READING
အကြောင်းပြချက်မရှိသော