Zawgyi
မနက်ခင်းရိပေါ်နိုးလာတိုင်းတော့ ရင်ခွင်ထဲမှာ ရှောင်ကျန်းကမရှိတော့
မနက်ခင်းလေးကို ကြည်ကြည်နူးနူးလေးနိုးထချင်တာကိုကွာ.. တစ်ယောက်ထဲရေရွတ်ရင်း ရေချိုးခန်းထဲဝင် ရေချိုးပီး ဒီနေ့အလုပ်လည်းပိတ် မပိတ်လည်းသွားဖို့ အစီစဉ်မရှိတာကြောင် ပုံမှန် အိမ်နေရင်းဝတ်လေး ဝတ်ပီးအောက်ထပ်ဆင်းလာခဲ့လိုက်သည်။
"ဒယ်ဒီ...."
သားက သူ့ကိုမြင်တာနဲ့သူ့ဆီကိုပြေးလားလေသည်။
"မောနီးသားသား အစောကြီးနိုးနေတာလား မနက်စာ စားပီးလား"
"ဟင့်အင် ပါးပါးက ဒယ်ဒီစောင့်နေလို့"
"Wangyizhan... လာခဲ့ ငါဘယ်မှာစောင့်နေလို့လဲ"(နာမည်မစဉ်းစားတတ်လို့)
မျက်နှာလေး ရဲပီးအော်နေတဲ့ရှောင်ကျန်းပုံလေးက ကျနော့မျက်လုံးထဲမှာတော့ ဒေါသထွက်နေတဲ့ ယုန်ပေါက်လေးလို့ အသည်းယားစရာလေး
"ပါးပါး ကလေ သားသားက ဗိုက်စာပီလို့ပြောတာကို မကြားချင်ဟန်ဆောင်ပီး အလုပ်လုပ်ချင်ဟန်ဆောင်နေတာ အာ့ကလေ ဒယ်ဒီကိုစောင့်နေတာမို့ပေါ့နော်"
"ဟား...သားရယ် ကဲပါ ပါးပါးစိတ်ဆိုးနေပီ"
"ပါးပါးက စိတ်ဆိုးချင်ဟန်ဆောင်နေတာသိလားဒယ်ဒီ"
သားသားက နားနားကပ်ပြောတော့ သူပြုံးပီးရှောင်ကျန်းကိုကြည့်နေမိတယ်။ရှောင်ကျန်းကတော့ သူတို့နှစ်ယောက်ကို ကြည့်ပီး မျက်စောင်းထိုးလိုက်မဲ့လိုက်နှင့် လက်ကလဲမနက်စာ ကိုပြင်ဆင်နေလေသည်။
"သားသား လာမနက်စာ စားကြမယ်"
"ဟုတ်..."
"မင်းစားလို့အဆင်ပြေလား ငါနဲ့သားသားက နေ့တိုင်းဒီလိုစားလာတော့ အဆင်ပြေပေမယ့် မင်းအတွက်ဆင်ပြေပါ့မလားမသိ.... မပြေလည်းမတတ်နိုင်ဘူး"
"ထမင်းကြော်နဲ့ ကော်ဖီကို ကိုယ်ကြိုက်ပါတယ် သဲရဲ့"
"ဝမ်ရိပေါ်..."
"ပြောလေသဲ.."
"မင်း..."
မျက်နှာကြီးရဲနေတဲ့ ရှောင်ကျန်းကိုကြည့်ပီး သူ့မှာအသည်းတယားယား သားသားတာ ဒီနားမှာ မရှိရင်သေချာပေါက် ဖက်နမ်းပစ်တယ်..
![](https://img.wattpad.com/cover/204569321-288-k651193.jpg)
YOU ARE READING
အကြောင်းပြချက်မရှိသော