အပိုင်း (1)

12.5K 343 7
                                    


Zawgyi__

ရွက်ကြွေ ...

လူတွေ သစ်ပင်က ရွက်ခြောက်လေးတွေ ကြွေရင် ဘယ်သူမှ တန်ဖိုးထားပြီး ကောက်နေမှာ မဟုတ်ဘူးလေ ..ဘာလို့လဲ ဆိုတော့ တန်ဖိုးမရှိလို့တဲ့
သစ်ရွက်ကြွေတစ်ခုက ခရေပန်းကြွေ နဲ့မှ မတူတာ ကြွေကျတာ ခြင်းတူပေမယ့် ...ခရေပန်းဆိုရင်သာ အမြတ်တနိုးကောက်မယ့်သူတွေ ပေါမှာပေါ့ ကျွန်မတို့ရွက်ကြွေလေးတွေ ဘ၀ကတော့ စွန့်ပယ်ခံတဲ့လား ...

ငယ်ငယ်လေးထဲက မိဘနှစ်ပါး ဆုံးသွားတဲ့ ရွက်ကြွေ ။
ကျွန်မ ရဲ့နာမည်ကို ဘာလို့ ရွက်ကြွေလို့ပေးခဲ့ရတာလဲ
ကံဆိုးမှုတွေပဲ အမြဲရရှိခဲ့တဲ့ ကျွန်မ


ကြွေတို့ရွာ .....

ရွာလေး ကတော့ အိမ်ခြေ 75သာရှိတဲ့ ရွာဇနပုဒ်မှာ ရွက်ကြွေမွေးတယ် ..အညာဒေသဖြစ်တော့ ရွက်ကြွေတို့ရွာလေးက အတော်လှတယ် လက်ပံပင်တွေ ထနောင်းပင်တွေ ထန်းပင်တွေနဲ့ ...လယ်ကွင်းတွေ အဖွေးသားနဲ့ပေါ့ ...ရွက်ကြွေတို့ရွာလေးက မြို့နဲ့လည်း မလှမ်းလှတာမို့ အတော် သာယာပါတယ် ရွာဘုရားပွဲ အတော်စည်တယ်

‎ရွက်ကြွေ က အဒေါ်ဖြစ်သူနဲ့နေရတယ် ။ အဒေါ်မှာ ယောင်္ကျားတယောက် ရှိတယ်လေ ...အဒေါ်တို့လင်မယား က နေ့ည ရန်ဖြစ်ကြတယ်
‎စီးပွားရေး အဆင်မပြေလို့တဲ့လေ ..ဒါပေမယ့် ရွက်ကြွေကို ကျောင်းထားပေးပါတယ် .
‎ဦးလေး က အတော်လေး အသောက်အစားကြီးတယ် မူးလာရင်
‎ဒေါ်လေးကို လည်း ရိုက်တယ် ...ရွက်ကြွေရဲ့ မိဘတွေ ဆုံးတော့ ကျန်ခဲ့တဲ့ လယ်ယာတွေကို လည်း အဒေါ်က ရောင်းချခဲ့တယ် ..
‎ရွက်ကြွေအလုပ်က အိမ်အလုပ်ကူလုပ်တယ် ကျောင်းနေရင်းပေါ့
‎..အခု ရွက်ကြွေလည်း 10တန်းရောက်နေပြီ

"ဟဲ့ ရွက်ကြွေ .."

"အမလေး ဗုဒ္ဓေါ..."

"ဘာတွေ တွေးနေလို့ ဒီလောက်လန့်နေရတာလဲ မိကြွေရယ် .."

"ဘာ ရယ် မဟုတ်ပါဘူး ဟာ ..ငါ့ဘ၀အကြောင်းတွေးနေတာ ."

ရွက်ကြွေရဲ့ အချစ်ဆုံးသူငယ်ချင်း နန်း ..နာမည်အပြည့်အစုံကတော့ နန်းခြယ် ..ရွက်ကြွေအပေါ် အရမ်းကောင်းသော သူငယ်ချင်းရယ်ပါ တရွာတည်းလည်းဖြစ် ပြီးတော့ အိမ်ကလည်း သိပ်မဝေးလှ
အိမ်ဆိုလို့ပြော ရအုံးမယ် ရွက်ကြွေတို့အိမ်က သေးသေးလေးတယ် ခြေတံရှည်အိမ်လေးပေါ့ ..ရွက်ကြွေက အညာသူသာပြောတာနော်
အရမ်းလှတာ ဆံပင်က လည်း နက်မှောင်ပြီး သွယ်လှသောမျက်နှာပိုင်ရှင် ဖြူဖွေးသော အသားအရေ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြောစရာမရှိ မိန်းကလေး အရမ်းဆန်ပြီး အရှက်အကြောက်ကြီးသလို အိနြေ္ဒလည်းကြီးလှသည် စကားလည်းနည်းလှသည်။ ရွာက ကာလာသားတွေ ရွက်ကြွေကို ပိုးကျပန်းကျနဲ့
ရွက်ကြွေတော့ စိတ်မ၀င်စားပေါင် ....ထူးခြားချက်က ရွက်ကြွေရဲ့ မျက်တောင် ရှည်ရှည်လေးတွေနဲ့ မျက်ဝန်းလေး တစုံ ....

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now