အပိုင်း(20)

2.5K 175 20
                                    

'မ .. မရေ ..'

အခန်းထဲမှ ပြန်ဖြေသံမကြားတာကြောင့်
နှောင်း  အရမ်းစိတ်ပူသွားရသည်။

'မ နှောင်း ...၀င်ခဲ့ပြီနော် ..'

အိပ်ရာပေါ်မှာ မြင်ရသောမြင်ကွင်းကြောင့်
နှောင်း သွေးပျက်မတတ်လန့်သွားရသည်။

'မ မ ဒါ ဘာလုပ်တာလဲ ...'

ဓား တစ်လက်ကို ကိုင်ကာ လက်မှာရှိတဲ့ သွေးကြောတွေကို ဖြတ်ဖို့ ချိန်ရွယ်နေသော နှောင်းရဲ့ မ။လက်ထဲက ဓားမြောင်ကို နှောင်း ဆွဲဖယ်ကာ အဝေးသို့ ပစ်လွင့်လိုက်သည်။

'အဟင့် ဟင့် ...နှောင်း မမကို သွားခွင့်ပြုပါ..'

သူမရဲ့ ဆံပင်တွေကို ထိုးဖွကာ ငိုနေသော မ ရယ်ပါ။

'မဘာတွေ ပြောနေတာလဲ အဓိပ္ပါယ်မရှိတာတွေ
မပြောပါနဲ့ မရယ် ဘာလို့ အဲ့လိုတွေ လုပ်နေရတာလဲဟင်..'

နှောင်းလည်း မျက်ရည်မိုးတွေ ရွာသွန်းပါတော့တယ်။
မ တကယ်ရက်စက်ပါသည်။ သူ့အပေါ် မကောင်းတဲ့သူကို
အသက်နဲ့ရင်းပြီးတောင် ချစ်တယ်တဲ့လား။ မ ဘာလို့ နှောင်းအချစ်တွေ မမြင်ရတာလဲ။

ဖွဖွလေးပဲ မရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်တော့ မရဲ့ ဝေ ဝါးဝါး အကြည့်လေးနှင့် စုံမိသည်။

'နှောင်း ...မမလေ သာယာ့ကို အရမ်းလွမ်းတာပဲ သိလား..'

အော် မရယ်။ မေ့လိုက်ပါတော့လို့ ဟောဒီ ပါးစပ်က မပြောထွက်နိုင်ပါဘူး။ မ ခံစားရနေရတာကို မမြင်ချင်လောက်အောင်  င်ဘက်အစုံမှာ နာကျင်နေပါပြီ။ သေသွားတဲ့ သာယာ့နေရာမှာ နှောင်းသာ ဖြစ်လိုက်ချင်တော့တယ်။ အဲ့လိုဆို မ ပျော်နေမှာပေါ့လေ။

'မ  နှောင်းကို ကြည့်စမ်းဘာ
နှောင်းမျက်နှာကို  သေချာကြည့်ပါ
မ သေ သွားရင် နှောင်းက ရင်ကွဲမှာ သိရဲ့လားဟင် မ ..'

မ ရဲ့ မျက်လုံးတွေက နားမလည်သလို အကြည့်တွေနဲ့ နှောင်းကိုကြည့်နေသည်။ တစ်ခုခု ကို ပြောချင်နေသည့်အလား။

'နှောင်း ..မမ ဘာဆက်လုပ်ရမလဲဟင်  ...'

'ဟင် ကြွေ နှောင်း ..!!
ဘာတွေဖြစ်ထားကြတာလဲ ...'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now