ရွက်ကြွေရဲ့ ဘ၀မှာ မွေးနေ့ဆိုပြီး တခမ်းတနား တခါမှ မရှိဘူးခဲ့။
ယနေ့ အထိ မွေးနေ့ဆိုတာ ဘာမှန်းမသိခဲ့ဘူး။Birthday cakeတွေ ဘာတွေ လက်ဆောင်တွေ
ကြွေ မရဘူးခဲ့။ဒီတခါ ကျရောက်တဲ့ 18နှစ်ပြည့်မွေးနေ့မှာ ...
ကြွေ့ကို Supriseဆိုပြီး လုပ်ပေးတဲ့သူတွေမနည်း။ကျောင်းမှာ ရွက်ကြွေဆိုရင် မသိတဲ့သူ က ခပ်ရှားရှားရယ်
တီချယ်တွေ ဋ္ဌာနမှူးတွေက အစ သိကြသည်။ပြီးတော့ ကြွေက welcomeမှာ Queenရခဲ့တယ်လေ။
ဆေးကျောင်းရဲ့ Queen ဆိုပေမယ့် နေရာတကာ မပါဘူး
အေးအေးဆေးဆေးလေးနေတက်သည်။ ကျောင်းမှာ
အာစရိယပူဇော်ပွဲတွေ အခမ်းအနားတွေ ရှိရင် ကြွေ့ကို ပွဲ ထုပ်တက်ကြသည်။ကြွေက Pinaoတီးတာ အရမ်းတော်သည်။
welcomeတုန်းက လည်း pinao တီးပြီး သီချင်းဆို ဖျော်ဖြေခဲ့တာ ...ကျောင်းမှာ ကြွေ့သတင်းကမွှေးနေတော့သည်။"ဟဲ့ ..ဟဲ့ ..ဟို တယောက်လေ ..တို့ Queen .."
"အေး...လှလိုက်တာနော် .."
ကျောင်း ကန်တင်း မှာ ကောင်မလေး တစ်သိုက် တိုးတိုးလေး ပြောနေပေမယ့် ကြွေ အကျယ်ကြီး ကြားလိုက်ရသည်။
ကြွေကတော့ ခေါင်းလေးငုံကာ ဖတ်လက်စ စာအုပ်ကိုပဲ ဖတ်နေလေသည်။
ငုဝါက ရုပ်တရက် ကြွေ့ရဲ့ နောက်ကျောကို လှမ်းရိုက်လိုက်ကာ .
"ဟဲ့ ကမ...နင် တော်တော် လေး popular ဖြစ်နေပြီ
သိရော သိရဲ့လား .အားအားနေ ဒီ ဆောင်းပါးတွေ စာအုပ်တွေပဲ ဖတ်နေ လူက လည်း မျက်မှန်ပဲ ကျန်တော့တယ် .."ကြွေ ဖတ်လက်စ စာပိုဒ်လေးကို အသာလေး ခေါက်ကာ စာအုပ်ကို ပိတ်လိုက်ပြီး ...
"အမလေးတော် .ငုဝါ ..ကျုပ် ဘာသာ အေးအေးဆေးဆေးနေတာပါ နော် ကျုပ်က ဘယ်သူ့တွေ ဒုက္ခပေးနေလို့လဲ ."
မသက် က ရွက်ကြွေကို စောင်းကြည့်လိုက်ပြီး ...
"ဟုတ်ပါတယ် နင်ကတော့ အေးဆေးပေါ့ဟယ် ...
မပြောကို မပြောချင်ဘူး ဆေးတက္ကသိုလ် 1 Yangon Mailboxကို ရွက်ကြွေ 's mailboxလို့ပဲ ပြောင်းလိုက်ချင်တော့တယ် .."
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)