အပိုင်း(24)

2.8K 204 25
                                    

'မ ..နှောင်းလေ မကိုပြောစရာရှိတယ် ..'

လူနာမှတ်တမ်းတွေ စစ်ဆေးနေတဲ့ ကြွေ့ဘေးနားကနေ ထိုင်ရမလို ထရမလိုဖြစ်နေသော နှောင်းငယ်။ ဖိုင်တွဲလေး တစ်ခုကိုင်ရင်းနှင့်ပင် ပြန်ဖြေလိုက်တယ် ...

'အွန်း ပြောလေ..နှောင်း ..'

မ ဟာလေ နှောင်းကို ဘယ်တော့မှ အလေးမထားဘူး။
အခုလည်း နှောင်းရင်ထဲက စကားလုံးလေး ပြောဖို့ကို သူက
အလုပ်တွေ ရှုပ်နေတာ နှောင်းကိုတောင် မျက်လုံးချင်းစုံအောင်မကြည့်ပါ။

'မ...ဟိုနှောင်း အခုပြောမယ့် ကိစ္စက အရေးကြီးလို့ပါ
နှောင်းဘ၀အတွက် အရေးကြီးတဲ့ အရာဖြစ်နေလို့ မ သေချာနားထောင်ပေးပါလားဟင် ...'

'ဘာစကားမို့လို့လဲ နှောင်းရဲ့ ...'

မ က နှောင်းလက်ကိုဆွဲကာ ထိုင်ခုံများရှိရာသွားကာ နှောင်းကို ထိုင်ခိုင်းတယ်။နှောင်းကို ပြုံးပြုံးလေးကြည့်ကာ ..

'ကဲ ပြော...ဘာအရေးကြီးကိစ္စလဲ ...အွန်း မဟုတ်မှလွဲရော
နှောင်း ရည်းစားရနေလို့လား ..??'

အော် မရယ်။ ဘယ်လိုတွေများ တွေးပစ်ရတာလဲ။

'ဟာ မ ကလည်း မဟုတ်ပါဘူး ...'

နှောင်းကို စပြီး ရီနေသော မ မျက်နှာကို တချက်ကြည့်ကာ ပြောရနိုးနိုး မပြောရနိုးနိုး ချီတုံချတုံ ဖြစ်နေလေတော့သည်။မထူးတော့ပါဘူးအခွင့်အရေးဆိုတာ နှစ်ခါမရဘူးလေ ။ အခုကို ပြောမှ ဖြစ်တော့မယ်။

'ကဲ  အဲ့တာမှ မဟုတ်ရင် ဘာလဲ ပြော...'

'ဟို ....'

နှောင်းရဲ့မျက်နှာတွေ နီရဲကာ ခရမ်းချဉ်သီးလား အောင့်မေ့ရသည်။
လက်ဖျားတွေ လည်းအေးစက်နေကာ ချွေးတွေကလည်း နဖူးမှာ စီးကျနေလေပြီ။ချစ်တယ် ဆိုတဲ့ စကားလေး ပြောဖို့ရာတောင် နှောင်းအဖြစ်က ခက်ခဲနေရတာပါ။ တကယ်လို့ နှောင်းကို သာ မငြင်းလိုက်ရင် ဆိုတဲ့အတွေးက လူကို သတ်နေသလိုပါပဲ။ မနဲ့ မျက်နှာချင်းတောင်မဆိုင်ရဲလောက်အောင် နှောင်း အရှက်ကွဲမှာ။

'ဟို ...နှောင်းလေ  ...မ  ...မ  ကို ....'

'ကြွေ .....'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now