အပိုင်း(17)

2.7K 182 17
                                    

အပြင်မှာ မိုးတွေ သည်းထန်စွာ ရွာနေသလို ကြွေ့ရဲ့ရင်ထဲမှာလည်း မျက်ရည်မိုးတွေ ရွာနေပါပြီ သာယာရယ်။

ကြွေ အဲ့နေ့ညက သူ့အိမ်ကထွက်မသွားခဲ့ပါဘူး။
ဘယ်လိုလုပ်ထွက်သွားနိုင်မှာ တဲ့လည်း။ ကျန်းမာရေး အခြေအနေ မကောင်းတဲ့သူ့ကို တစ်ယောက်တည်းထားခဲ့ရင် ကြွေ
တကိုယ်ကောင်းဆန်ရာကြမယ်လေ။

ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ကာ အေးစက်စက်ရာသီဥတုကို အံ့တုရင်း သာယာပြန်အလာကို ကြွေ စောင့်နေမိသည်။

အပြင်က ကားသံ ကြားလိုက်သည်မို့ သူပြန်လာမှန်း သိလိုက်သည်။ နာရီ လက်တံလေးကလည်း အထီးကျန်ဆန် စွာ
ပင် မနက် 1AMကို ညွှန်ပြနေပြီ။

သာယာက မိုးရေအနည်းစိုနေသော အနက်ရောင် ဂျာကင်ကို ၀တ်ထားကာ အိမ်ထဲ ၀င်လာသည်။ဧည့်ခန်းမှာ ထိုင်နေသော ကြွေ့ကို မျက်ကွယ်ပြုကာ အပေါ်ထပ် တက်မည်အလုပ် ...

'သာယာ ...ကြွေတို့ စကား နည်းနည်းလောက် ပြောကြရအောင်လားဟင် ..'

ထိုစကားကို ပြောနေသော ကြွေ့ရဲ့ အသံမှာ အနည်းငယ် တုန်ရီနေသည်။

'ငါ့မှာ ပြောစရာ စကားမရှိဘူး .'

သာယာ ကြွေ့ကို လှည့်မကြည့်ပဲ လှေကားပေါ် တစ်လှမ်းတက်လိုက်သောအခါ ကြွေ့စကားကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။

'ဘာလို့လဲ သာယာ ..ဘာလို့လဲ ....
သာယာ ...သာယာ ဟို ကိစ္စကို သိနေခဲ့တာလား ဟင်
သိနေခဲ့လို့ ကြွေ့ကို အဝေးနှင်နေတာလား ပြောပါအုံးသာယာရယ် ..'

သာယာက ခပ်မဲ့မဲ့ အပြုံးတစ်ပွင့် ဖန်တီးကာ ...

'ငါက အစထဲက ဒီရောဂါ ရှိတာ သိခဲ့တာ
ငါကိုယ်တိုင်က မင်းနဲ့ ဆက်မပတ်သတ်ချင်တော့လို့
မင်း နားမလည်ဘူးလား ...'

ကြွေ မျက်ဝန်းအိမ်မှာ မျက်ရည်များ ကျဆင်းလာကာ

'နားမလည်ဘူး သာယာ ယုံလည်း မယုံဘူး ကြွေလေ
ကြွေကလေ ...သာယာရဲ့ ရောဂါကို အချိန်ယူပြီး ပျောက်အောင်ကု ပေးမှာ သာယာရဲ့ ...ကြွေတို့လေတွေ နောက်ဆုံးအချိန်အထိ အတူနေသွားကြရအောင်နော် ..'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now