ကျောင်းပိတ်ရက်ရောက်တိုင်း ရွက်ကြွေပျော်ရသည်။
ဘာလို့လဲ ဆိုတော့ သာယာနဲ့အတူလျှောက်လည်ရလို့။အိမ်နဲ့ကျောင်းပဲ ကူးနေရတဲ့ ကြွေ့အတွက် အပြင်ထွက်တိုင်းအသစ်အဆန်းတွေ ပဲ ဖြစ်တော့သည်။
"လာကြွေ ထိုင် ဘာစားမှာလည်း .."
"ရတယ် ကြွေ မရွေးတတ်ဘူး ..သာယာမှာတာပဲ ဘာပဲ ဖြစ်ဖြစ်စားမယ် ...ဟီး ."
သာယာက လိမ္မော်ရည်နှစ်ခွက်နဲ့ ပင်လယ်စာထမင်းမှာလိုက်သည်။
"ကြွေ seafood စားလား.."
"အွန်း .."
"Waiter..ဂဏန်းချဉ်စပ် ပြီးတော့ ပုစွန်ပေါင်းတပွဲ
ရေဘ၀ဲ ထမင်းကြော်.လိမ္မော်ရည်နှစ်ခွက်.."ခဏ ကြာတော့ နှစ်ယောက်သား အစားအသောက်ထဲ မျောသွားသည်။
"ကြွေ ..စားပြီးရင်ဘယ်သွားချင်သေးလဲ .."
"ကြွေက ရပါတယ် ..သာယာ သွားတဲ့နောက်ပဲ လိုက်မှာ .."
"အွန်း ..လာမယ့် ဗုဒ္ဓဟူးနေ့က ကြွေ့မွေးနေ့မလား
သာယာ ဘုရားလိုက်ပို့မယ် အဲ့နေ့ကျ ..""တကယ်လား ..."
ရွက်ကြွေ သွားလေးပေါ်အောင်ပြုံးလိုက်တော့သည်။
လှလိုက်တာ ကြွေရယ်။"တကယ်ပေါ့ ...အခုတော့ plazaသွားပြီး ၀ယ်စရာ ရှိတာ ၀ယ်ပြီး ပြန်ကြရအောင် .."
"ဟုတ် ...."
~~~~~~~~~~~~~~~~~~~~~~
"ဒီမယ် ...သာယာ .မင်းအချိုးတွေကို ပြင်နော်
ငါမပြောချင်လို့ ကြည့်နေတာ ..ဘာတွေ လုပ်နေလို့လဲ အခုရက်ပိုင်း အိမ်ပြန်အရမ်းနောက်ကျတယ် ""ခင်ဗျားနဲ့ မဆိုင်ပါဘူး ဒေါ်နှိုင်းမိုရ်ရယ် .."
ဦးလေးကတော့ သူ့ကြောင့် သူ့သမီး အခုလိုတွေ ဖြစ်နေရတာ ဆိုပြီး ရင်နာလို့မဆုံး။
ဦးလေးက မနိုင်တော့တဲ့အဆုံးကြွေ့ကိုပဲ အကူအညီတောင်းတော့သည်။
"သမီး ကြွေ .."
"ဟုတ် ဦးလေး ..."
"သမီးရယ် သာယာ့ကို ထိန်းပေးပါအုံးကွယ်
ဦးတို့ သမီးကို မဆုံးမနိုင်တော့ဘူး သာယာလေး အခုတလောတော်တော်ဆိုးလာတယ် သမီး အရက်တွေ ဘီယာတွေ မသောက်ဖို့ ပြောပေးပါလား ကွယ် .."
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)