ရွက်ကြွေတို့ သူငယ်ချင်းတစု ဘုန်းကြီး ကျောင်းဝန်းထဲမှာ အမှိုက်တွေ လှဲကြ ။ သောက်ရေဖြည့်ကြနဲ့ အလုပ်ရှုပ်နေတော့သည်။
"ဟဲ့ အစောက မြို့သူလေး ချစ်ဖို့ကောင်းတယ်နော် .."
လင်းနေခ ။နှာဘူး ...
"အမလေး ငလင်းရယ် ..နင့်မျက်လုံးထဲ ဘယ်သူက မချစ်ဖို့ကောင်းနေလို့လဲ နှာဘူးကျတာလည်းတော်ရုံကြပါဟာ .."
နန်းနဲ့ လင်းက စကားအချေအတင်ပြောနေပေမယ့် ရွက်ကြွေကတော့ ငြိမ်နေသည်။
" ကြွေ နင်ဆယ်တန်းမဖြေတော့ဘူးဆို ..?"
ရွက်ကြွေ ပြုံးတယ်ဆိုရုံလေး ပြုံးလိုက်ပြီး ..
"အခြေအနေအရပါ လင်းရယ် ငါ့အိမ်က ဆက်မထားလောက်ဘူးထင်တာပဲ .. တော်ပြီပေါ့တဲ့ 9တန်းထိ နေရရင် အလုပ်လုပ်တဲ့ .."
"ဟာ ကြွေရယ် နင့်လို နုနုရွရွ လေးက ဘာလုပ်နိုင်မှာလဲ
အစောက ဟို မြို့သူတောင် နင့်ကို မမှီဘူး .."ဟုတ်ပါတယ် ..ရွာမှာဆို ရွက်ကြွေရဲ့အလှက လူပြောများကြသည်။ ရင်အေးသောအလှ တို့ ..ငြိမ်းချမ်းသော အလှတို့ စုံပါရော ...
"မြှောက်လိုက်တာ လင်းရယ် ...ငါက အဲ့လောက်ကြီးမလှပါဘူး .."
ညီညာနေသော သွားလေး ပေါ်အောင် ရီလိုက်သည်။
တကယ်တော့ လင်းက ကြွေကို စိတ်ဝင်စားနေတာ ကြွေသိသည်။ သူ မပြောရဲ လို့သာ မပြောသည်ဟု ထင်သည်။ကြွေကလည်း သူတို့ကို ပြောဖူးတဲ့စကား ရှိတယ်လေ
/ငါ့ ရည်မှန်းချက်တွေမပြည့်မချင်း ရည်းစားမထားဘူး /
အဲ့ဒါကြောင့်ထင်ပါရဲ့ ......."ကလေးတို့ ဆရာတော်ဘုရားက ကျောင်းပေါ်လာခဲ့ပါအုံးတဲ့ ..."
"ဟုတ် ဦးလူ .."
ကပ္ပိယကြီး ရဲ့စကားသံကြောင့် သုံးယောက်လုံး လုပ်လက်စ အလုပ်တွေကို လက်စသတ်ကာ ကျောင်းပေါ်သွားရန်ပြင်လိုက်သည်။
ဆရာတော်ရဲ့ ရှေ့မှာ အစောက မိသားစု သုံးယောက်ရှိသည်။
ကောင်မလေးကတော့ ငြိမ်သက်နေရင်း သူ့မိဘနှစ်ယောက်ကတော့ ဆရာတော်နဲ့စကားတပြောပြော ...ရွက်ကြွေတို့လည်း ဘေးမှာ ၀င်ထိုင်လိုက်ပြီး ဦးချကာ ...
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)