အပိုင်း(13)

2.8K 227 16
                                    

အချစ် အရမ်းဆန်းကြယ်ပါတယ်
သူ့ဘက်က လျစ်လျူရှုထားနိုင်သလောက်
ကိုယ်က မာနဆိုတာ မရှိတော့ပဲ
ကိုယ့်မာနတွေ သူ့ဆီမှာ ပြိုလဲရပါတယ်
သိပ်ချစ်လို့ပေါ့ .......

ရွာရောက်တော့ ညနေတော်တော် စောင်းနေပြီ။
လင်းက သူ့ရဲ့အိမ်မှာ ကြွေတို့ကို တည်းခိုင်းတယ်...
ကြွေလည်း ရောက်တော့ ဝါ့ကို အိတ်တွေ ချကူ ရင်း
သာယာ့ကို စကားပြောလိုက်သည်။

"သာယာ ..ကြွေတို့ကို ကူညီပါလား .."

ထိုမှ သာယာက သူ့အကျင့်အတိုင်းနားကြပ်တပ်ထားတာကိုချွတ်လိုက်ပြီး ...ကြွေ့ လက်ထဲက အိတ်ကို မက အိမ်ထဲဝင်သွားသည်။ ကြွေကတောာ့ပြုံးပြုံးလေးပေါ့။

"ဟယ် ..ဘကြီးရေ ဒီမှာ လင်းနေခတို့ လာတယ် .."

အသက် 50ပတ်ဝန်းကျင်လောက်ရှိတဲ့ အဒေါ်ကြီးတစ်ဦးက
ကြွေတို့ကိုလာကြိုသည်။

"ပေးပေး အထုပ်တွေ ကြီးကြီးကိုပေး .."

"ဟာ ကြီးမြင့် ...ကြွေ့ကို မမှတ်မိဘူးလား .."

ထိုအဒေါ်ကြီးက လင်းနေခရဲ့ အဒေါ်ပေါ့။ ကြွေ့ကို သူမမှတ်မိ။

"ဘယ်သူလဲ ကွယ့် ..ကြီးက အသက်ကြီးပြီဆိုတော့ မှတ်ဥာဏ်တွေ သိပ်မကောင်းတော့ဘူး .."

"အာ ..ကြီးမြင့်ကလဲ...ရွက်ကြွေလေ ကြီးမြင့်ရဲ့
ရွာအရှေ့ပိုင်းက ဒေါ်တင်ရဲ့ တူမလေ .."

"ဟေ ...ရွက်ကြွေ လား ...အမယ်လေး ငါ့တူမကြီးရယ်
ကြီးမြင့်က မမှတ်ဘူးကွယ့် ..ချောလာ လှလာလိုက်တာကြည့်ပါအုံး မြို့သူကြီးကို ဖြစ်လို့ ...ဟို ယောင်္ကျားလျာလေးကရောဘယ်သူလဲကွယ့် .."

ကြီးမြင့်က သာယာ့ပုံစံကို ယောင်္ကျားလျာထင်နေသည်မှာ
ဒုက္ခ။ သာယာကတော့မျက်နှာတွေ ပျက်လို့ပေါ့။ သူ့ကို Tomboyနဲ့တူတယ်လို့ပြောရင်လုံးဝ မကြိုက်သော သူပါ။

"ဟာ ကြီးမြင့် အဲ့တာ ယောင်္ကျားလျာမဟုတ်ပါဘူး
ကြွေ နေတဲ့အိမ်က အမလေ ...လွန်ခဲ့တဲ့နှစ်တွေက
ရွာဘုန်းကြီးကျောင်းက သိမ်အလှူရှင်တွေ လေ အဲ့တုန်းက သူရောပါတယ်လေ ကြီးမြင့်ရဲ့ ရှင်မပြုနိုင်တဲ့ကလေးတွေကိုတောင် ရှင်ပြုပေးသွားသေးတယ်လေ .."

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now