အပိုင်း (22)

2.5K 190 38
                                    

အာ..နွေဦးတောင် ရောက်တာ့မှာပဲ။
ကြည့်ပါအုံး တောင်ပေါ်ဒေသ လယ်ဖက်ခင်းစိမ်းစိမ်းတွေ မြူခိုးတဝေေ၀နဲ့။

'ဆရာမလေး ရှိလားဝေ့ ...
ဗျို့ ဆရာမလေး ..'

လေသာ ပြတင်းပေါက်ကနေ လေအေးအေးတွေရဲ့ အရသာကိုခံရင်း တောင်ပေါ်ဆးရုံလေးမှာ  ကြွေ ပျော်နေပြီလေ။အခုဆို အေးချမ်းလိုက်တာ ကြွေ့ ဘ၀က ရိုးသားလှတဲ့ တောသူတောင်သားတွေကို ဆေးကုပေးတယ်။

'ရှိပါတယ် ဦးလေးမောင်ရယ် ..ဘာလို့ ပျာပျာသလို ဖြစ်နေတာလဲ ...'

ကြွေ့ရဲ့ သူနာပြုမလေး နှောင်းက ကြွေ့အစား ဖြေပေးနေသည်။ကြွေ လည်း အပြင်ထွက်ကြည့်လိုက်တော့ ...

'ဆရာမလေးရယ် ငါတို့က နင်တို့ကို ထမင်းစားခေါ်ချင်တာလေဝေ့ ..ဒီည အားရင် လာခဲ့ကြပါလား ..'

ဆေးရုံလေးက ကုတင်50ဆန့်ဖြစ်သလို ဆေးရုံအုပ်ကလည်ျးကြွေ .. ဒေါက်တာကလည်း ကြွေ။ ထမင်းချက်ကလည်း ကြွေပဲ။ နှောင်းပေါက်က တော်တော်ဆိုးတယ်။ မ ရဲ့ လက်ရာ စားချက်ပါတယ်ဆိုပြီး လူကို မြောက်ပြီး ချက်ခိုင်းတယ်။

'လာခဲ့မှာပေါ့ ဦးလေးမောင်ရဲ့  ..
မ က ထမင်းချက်ပျင်းတယ်လေ ..'

ကြွေ့ ကို မထိတထိစနေသော နှောင်း ကို မျက်စောင်းထိုးကြည့်ကာ ...

'ဟာ ဒီကောင်မလေး မမက မချက်ကျွေးတာ ကျနေတာပဲ  .'

ကြွေ စိတ်ဆိုးသွားတယ် ထင်ပြီး အတင်းလည်း ချော့နေရှာသတဲ့။ ဘယ်လို ဟာလေးမှန်းကို မသိပါဘူး။

'ညနေကျ ..ဦးတူကြီးကို လွှတ်လိုက်မယ် ဝေ့
ပြန်အုံးမယ် ခွင့်ပြုအုံး ..'

'ဟုတ်ကဲ့ ပါ ဦးလေးမောင် ..'

နှောင်းနဲ့ ကြွေလည်း စကားတပြောပြောနဲ့ ဆေးရုံထဲ ပြန်ဝင်သွားလိုက်သည်။

'မ ....ရေချိုးတော့လေ မိုးချုပ်ရင် လာခေါ်တော့မှာ ..'

'ဟုတ်ပါပြီ ..'

'အာ နေအုံး မရဲ့ ရေချိုးရင် အရမ်းမကြာစေနဲ့ နေမကောင်းဖြစ်မယ် ပြီးတော့ ခေါင်းကို ရေမစိုစေနဲ့ '

ဒီကလေးက အစစရာရာ လိုက်ဂရုစိုက်နေပေးတော့ အားနာရပြန်သည်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now