အပိုင်း(21)

2.5K 194 19
                                    

'မ ဒါလေး လှလားကြည့်ပေးပါအုံး ...'

နှောင်းက လက်ပတ်နာရီလေး တစ်လုံးကို ကိုင်ကာ ကြွေ့ကို ပြသည်။ အိမ်မှာ ကြွေ ပျင်းနေမှာ စိုးလို့ Shopping ထွက်သည်တဲ့။ သူမကလေးက ကြွေ့ကို ဂရုစိုက်လွန်းလှပါသည်။ ကြွေ ခြေထောက်က အရမ်းမကောင်းသေးပေမယ့် လမ်းတော့ ပြန်လျောက်နိုင်နေပါပြီ။ သို့ပေမယ့် လက်က ဒဏ်ရာကတော့ ပတ်တီးတန်းလန်းနဲ့ပင်။

Shpping mallထဲ ရှောက်ကြည့်ရင်း ကြွေ ခြေထောက်တွေ နာလာလို့ ခဏ နားကြသည်။မြေအောက် ကားပါကင်ကို မရောက်ခင် လမ်းက ခုံလေး တစ်ခုပေါ် ထိုင်လိုက်ကြသည်။ထိုအချိန်မှာ နှောင်းက နာရီလေးကို ပြသည်။

'အာ လှလိုက်တာ ..နှောင်းနဲ့ အရမ်းလိုက်မှာ သိလား ..'

'ဟုတ်လား ခ်ခ်..'

နှောင်းက သဘောတကျ ပြုံးရင်း ကြွေ့လက်ကို လှမ်းဆွဲလိုက်ကာ ..

'မ ခဏလေး ပတ်ပြ ...'

ကြွေ့လက်ဖွေးဖွေးလေးပေါ်မှာ နာရီလေးက လိုက်ဖက်တင့်တယ်စွာနေရာ ယူနေသည်။

'မနဲ့ အရမ်းလိုက်တာပဲ ...
မ ပဲ ယူလိုက်တော့ပါ ..နှောင်းက ၀ယ်ပေးတာ လက်ဆောင်ပေါ့ ဟီး ဟီး ..'

'တကယ်ကြီးလား ..'

'အင်းပါဆို ..'

နာရီကို မြင်ရတော့လည်း သူ့ကို သတိရပြန်ပြီ။
ခက်ပါပြီ သာယာရေ ကြွေလေ ...အရမ်းလွမ်းတယ်။

'ဟင် မ ငိုနေတယ် ...'

ကြွေ့ရဲ့ မျက်ရည်လေးတွေ ပါးပြင်ပေါ်ဖြတ်သန်းကာ
နှောင်းရဲ့ လက်ပေါ် ကျသွားတော့သည်။

'မ သူ့ကို လွမ်းနေပြန်ပြီလားဟင် ...'

စကားမပြောနိုင်ပဲ ကျိတ်၍ ရှိုက်ကာရှိုက်ကာ ငိုနေသော
ကြွေ့ကိုယ်သေးသေးလေးကို နှောင်း ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလိုက်သည်။ကြွေ့ ရဲ့ ကျောပြင်တွေကို ဖွဖွလေး ပုတ်ပေးကာ...

'အဆင်ပြေသွားမှာပါ ...မငိုနဲ့တော့နော် မ ...'

ကြွေ ရင်ထဲ အရမ်းမွန်းကျပ်လွန်းလှသည်။
ပေါက်ကွဲမတက်ခံစားရလွန်းလို့ သေတော့မယ်ထင်သည်။

'ဟင် မ..ဘာလုပ်..အွင့် ..'

ရုပ်တရပ် အသတ်ခံလိုက်ရသော လူပမာ နှောင်း စကားမစပ်နိုင်တော့ပါ။ တရှိုက်မက်မက် သူမ နှုတ်ခမ်းတွေကို နမ်းရှိုက်နေသော မ။ မျက်ရည်တွေနဲ့ ရောနေတဲ့ အနမ်းလေးဟာ မချိုမြန်ခဲ့ပါ။ နှောင်းလည်း အသာလေးငြိမ်ကာ သူမ ပြုသမျှ
မတုံပြန်ပဲ နေလိုက်သည်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now