အပိုင်း (3)

3.5K 277 4
                                    

ဒီနေ့ဆို မခေတ်ရှိုင်းသာယာတို့ ရွက်ကြွေတို့ရွာရောက်တာ
4ရက်ရှိပြီ။ သူ့ကို ကြွေ ကောင်းကောင်းမတွေ့ရ ။ အလှူနေ့က တခါတွေ့ပြီး နောက်မတွေ့တာကြာပီ။

"ဟဲ့ မိကြွေ .."

"ရှင် ဒေါ်လေး .."

"ရွာလယ်ပိုင်းက သူဋ္ဌေးဦးမြင့်အိမ်ကို ပိုက်ဆံသွားတောင်းချေ
ငါလွှတ်လိုက်တာလို့ပြောလိုက် .."

"ဟုတ် .."

ကျောင်းတက်ရဖို့ကလည်း ရက်အနည်းငယ်ပဲ လိုတော့တယ်
ဒေါ်လေးတို့က ရွက်ကြွေကို ကျောင်းထားပါ့မလား ...
အဲ့ ဦးမြင့် အိမ်ကို ကြွေမသွားချင် ။အကြောင်းက သူ့သားထွန်းထွန်းအောင်ကြောင့် ။ ကြွေကို တွေ့တိုင်း ရိသဲ့သဲ့ပြောသည်။
နန်းကို အဖော်ခေါ်သွားမယ် ....

"နန်းရေ နန်း ..".

"ဟယ် သမီးကြွေ နန်းက သူ့ဘကြီးနဲ့ မြို့လိုက်သွားတယ်
စာအုပ်နဲ့ လိုအပ်တဲ့ ကျောင်းစိမ်းတွေ သွားဝယ်မလို့တဲ့ .."

နန်းရဲ့ အမေ က ကြွေကို လှမ်းပြောသည်။

"အော် ဟုတ်လား ..."

"အင်း သမီး ဘာကိစ္စရှိလို့လဲ ညနေမှ နန်းကို လွှတ်လိုက်မယ်လေ ..."

"ဟုတ် ကြီးမေ အရေးကြီးတဲ့ ကိစ္စမရှိပါဘူး ဒီတိုင်း လမ်းကြုံလို့ လာနှုတ်ဆက်တာ .."

"အေးပါကွယ် ..ဒါနဲ့ သမီးကရော ကျောင်းတက်မယ်မလား ?"

"သမီး ?" အာ ..သမီးက မသေချာသေးဘူး ကြီးမေရေ
သွားတော့မယ် အလုပ်ရှိသေးလို့ .."

ရွက်ကြွေ ရွာထဲကို ပဲ သုတ်ခြေတင်ခဲ့သည်။

ရွက်ကြွေတို့ရွာက ရွာရဲ့ အရှေ့ဘက်မှာ ကန်ကြီးတကန်ရှိသည်။ ကန်ဘေးမှာ လည်း လက်ပံ ပင် မန်ကျည်းပင်တွေပေါက်နေတော့ အတော်လှသည်။ထို နားမှာ သောက်ရေအုံးစဉ်နဲ့ နားရန် ခုံတန်းလေးရှိသည်။ လယ်တောက အလုပ်လုပ် ပြီး ပြန်လာတဲ့ သူတွေ အတွက်တော့ ထိုနေရာလေးက နိဗ္ဗာန်သဖွယ် ...ပြီးတော့ ရွက်ကြွေ စိတ်တွေ အရမ်းညစ်လာရင် ထိုခုံတန်းလေးမှာ လာထိုင်တက်သည်။ အခုလည်း ရွက်ကြွေ ထို ခုံတန်းမှာ လာငိုနေတော့သည်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now