အပိုင်း(12)

2.9K 209 10
                                    

"ထည့်စရာရှိတာတွေ ထည့်ထားနော် ညီမလေးဝါ ..!
ခရီးကဝေးတယ် ဆောင်းတွင်းဆိုတော့ မမတို့ဒေသ ကအရမ်းမအေးပေမယ့် လိုလိုမယ်မယ် အနွေးထည်ထည့်ခဲ့ပေါ့ အပြန်ကျ နေပြည်တော်ဝင်ပြီး  ဘုရားဖူးကြမယ် ."

"ဟုတ် မမကြွေ ...ဝါတော့အရမ်းစိတ်လှုပ်ရှားတယ်
မမကြွေတို့ ဒေသကို အလည်လိုက်ရမှာဆိုတော့ ပျော်လိုက်တာ .."

သာယာ့ကို ကြွေတချက်ကြည့်လိုက်တော့ ဘာတွေအလုပ်ရှုပ်တယ်မသိဘူး ပျာယာခတ်နေလေရဲ့။ သူ့ကြည့်ရတာ ကြွေ တောင် အသက်ရှူမ၀ချင်တော့။

ကြွေလည်း သန့်စင်ခန်း အပေါက်ဝမှာ ပျာယာခတ်နေသောသာယာ့ ဆီသွားလိုက်ကာ ..

"သာယာ  ဘာတွေ ဖြစ်နေတာလဲ .."

သာယာက ခေါင်းတွေကိုလည်းကုတ်ပြီး နှာခေါင်းကိုလည်း ပွတ်ကာ  တစ်ခုခုဖြစ်နေတဲ့ပုံ။

"ကြွေ ခဏလေး .."

သာယာ သန့်စင်ခန်းထဲ ၀င်သွားသည်။ ဘာတွေ ဖြစ်နေတာလဲ သာယာရယ်။ ခဏ ကြာတော့ သူထွက်လာသည်။ ပုံမှန်ပုံစံနဲ့ပါပဲ။

"ကြွေ ...သာယာ့အကျီ င်္တွေ ထည့်ပေးပါ ...
သာယာ မထည့်ချင်ဘူး . "

ကြွေ့ဘေးမှာ ထိုင်ကာ ကြွေ့ခါးလေးကိုဖက်ပြီးပြောတော့
ကြွေ သူ့ပါးလေးကို ဆွဲစိတ်လိုက်သည်။

"အမလေး ထည့်ပြီးပါပြီရှင် ...မနက်က သာယာ မနိုးခင်ကတည်းက အကုန်ထည့်ပြီးသား ."

"အဲ့ကြောင့် ကြွေ့ကို ချစ်နေရတာ   ..."

သာယာက ကြွေ့ပါးကို လာနမ်းမယ်လုပ်တော့ ကြွေ မနည်း ရှောင်လိုက်ကာ  ..

"ဘာဖြစ်နေတာလဲ .."

ဝါကတော့ ဘေးက ပြုံးပြုံးကြီး ကြည့်နေလေရဲ့။

"မမတို့ကို မြင်ရတာ ဝါ အားကျလိုက်တာ ..."

ကြွေ မလုံမလဲဖြစ်ကာ

"ဘာကိုအားကျတာလဲ ဝါ ..??"

"အခုမှ ဟန်ဆောင်မနေပါနဲ့ မမကြွေရယ်
မမသာယာ ပြောပြလို့ ဝါက အကုန်သိပြီးပြီ .."

ကြွေ သာယာ့ရဲ့ ခါးကို လိမ်ဆွဲလိုက်ကာ

"ကလေးကို ဘာတွေ သွားပြောထားတာလဲ သာယာ .."

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now