အပိုင်း(25)

3.1K 206 33
                                    


ကိုယ်မြတ်နိုးတဲ့ အရာတစ်ခုကို
တခြားသူက လုယူသွားတဲ့ ခံစားချက်မ်ျိုး

ကိုယ်မြတ်နိုးတဲ့ အရာက
ကိုယ်မပိုင်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပေမယ့်လည်း
နေပါစေ ဆိုကာ ပေးလိုက်မယ့် အထဲမှာတော့နှောင်းမပါဘူး

ဒါဟာလေ မ အပေါ် နှောင်းထားတဲ့ အချစ်ပါ '

မိုးတွေက သည်းလိုက်တာ။။ နှောင်းဟာ မ မလိုအပ်တဲ့အရာ၊
ဥပမာ နှောင်းလက်ထဲက ထီးလေးလိုပေါ့၊ စောင်းသူမဲ့ အရာလေးလေ ။

~~~~~~~~~~~~~~~~~~

နှောင်းလည်း ကျလာတဲ့ မျက်ရည်တွေကို သုတ်ကာ ထီးကို ကိုင်ပြီး မ တို့ဆီသွားလိုက်တယ်။ နှောင်းကို မြင်တော့ သူတို့ဖက်နေရာက ရှက်ကိုးရှက်ကန်းဖြစ်သွားသည်ထင်ပါ့။ကိုယ် ချင်းခွာလိုက်တာကို မြင်ရသည်။

'မ......    ဒီမှာ.'

အတတ်နိုင်ဆုံး ပြုံးကာ အားတင်းပြီး ထီးလေးကို မတို့ဆီလှမ်းပေးလိုက်တယ်။

'နှောင်း ကျေးဇူးနော်  ...'

မ က ထီးဖွင့်ပြီး မသာယာကို စောင်းပေးတယ်။
ထို့နောက် မသာယာက ပြုံးတယ်။ ထီးကို မသာယာက ကိုင်ပြီး မ ကို ပြန်စောင်းပေးတယ်။ နှောင်းလေ အဲ့ဒီမြင်ကွင်းကို မြင်ရတာ ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ ကျ လုဆဲဆဲ မျက်ရည်တွေ ...မဟုတ်ပါဘူး မိုးနဲ့ အတူ ကျနေတဲ့ မျက်ရည်တွေကို တော့ မ တစ်ယောက် မြင်မယ်မထင်။

'နှောင်း သွားရအောင် ...'

မ က နှောင်းကို သတိလှမ်းပေးကာ သူ့ရဲ့ သာယာ့ဆီ ပြုံးပြီး
လက်မောင်းကို ကိုင်ကာ သူတို့နှစ်ယောက် နှောင်းရှေ့က နေဆေးရုံထဲ ၀င်သွားကြသည်။

'မ  ...'

ရေချိုးခန်းဝင်ရန် ပြင်နေသော မကို နှောင်း ထိုင်ခုံရှိရာကပဲ လှမ်းခေါ်လိုက်သည်။ တပတ်လေး ခြုံထားသော မ။ သူတို့က ရေတောင်အတူတူချိုးကြမှာလား။နှောင်းသ၀န်တိုနေပြန်ပါတယ်။

'အမြန်ချိုးနော် မအတွက်  နှောင်း ခေါက်ဆွဲပြုတ်လပ်ပေးထားမယ် ...'

မက နှောင်းကို ပြုံးကြည့်ကာ ..

'ကျေးဇူးပါ ညီမလေးရေ ..ဟို အားတော့နာတယ် နှောင်း
သာယာ့အတွက်ရော လုပ်ထားပေးပါလားဟင် ...'

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now