အပိုင်း (9)

3.1K 240 12
                                    

အချစ်ဆိုတာ တခါတလေ ပျော်ရွှင်ရသလို
တခါတလေ ကျ ကိုယ်မပိုင်သေးတဲ့အချစ်ကို ရယူဖို့လည်း တွန့်ဆုတ်မိလို့ နာကျင်ရပြန်တယ်။

ကြွေရယ် ..သာယာရင်ထဲမှာ ဘာတွေ ဖြစ်နေလဲ ၀င်မကြည့်ချင်ဘူးလားဟင် .
သာယာ ကြွေ့ကို အရမ်းချစ်နေမိပြီ ကြွေ
နက်နက်နဲနဲ ကိုချစ်တာ ကြွေ
ပိုင်ဆိုင်ချင်တယ် ကြွေ

တနေ့ တနေ့ကြုံနေရတဲ့ မင်းရဲ့ ဂရုစိုက်မှုတွေ ယုယမှုတွေ အပြုံးတွေ ကြားမှာ တခါတလဲလဲ ကျရှုံးမိနေသူပါ။

အခုဆို ကြွေက ဘွဲ့ရလို့ ဒေါတ်တာမလေးတောင်ဖြစ်နေပြီနော်။ ရင့်ကျက်လာတဲ့ကြွေ ပိုပြီး အိနြေ္ဒ ရှိကာ တည်ကြည်လာတယ်။ ပြီးတော့ အရမ်းလှပြီး ကျက်သရေရှိလာတယ်..
နောက်နှစ်ရက်ဆိုရင် သာယာ့ရဲ့ 25နှစ်ပြည့်မွေးနေ့တောင်ောက်ပြီ။

သာယာလား ..သာယာက ဘာပြောင်းလဲ သွားလဲ ဆိုတော့
အရင်ကထက်ပိုဆိုးလာတယ်။တမာ ကြီးလေခါးလေ ဆိုသလိုပဲသာယာ ကလည်း ပိုပြီး ဆိုးလာတယ်။ နောက်ပြီး သာယာ့ အဖေနဲ့မိထွေးက ကလေးတစ်ယောက် မွေးသည်။ ထိုကလေးက အခုဆိုရင်
KGတောင် တက်တော့မယ်။
သာယာက တော့ ည ဖက်တွေ လည်း အိမ်မှာ အိပ်ချင်မှ အိပ်တော့တယ်။ သာယာ့ရဲ့ အဖေက ဦးလေးကောင်းထက်ကလည်း သာယာ့ကို လုံးဝ မနိုင်တော့လို့ လွှတ်ထားရတယ်လေ။

အခုဆို ကြွေက "အဖြူရောင်မေတ္တာ" ဆိုတဲ့ ဆေးရုံလေးမှာ
ဆရာဝန်တယောက် ဖြစ်နေပြီ။

ကြွေကို အခုလို အောင်မြင်မှုတွေ ရအောင် ကူညီခဲ့တဲ့ ကြွေ့ရဲ့ကျေးဇူးရှင် သာယာတို့ မိသားစုကို ကြွေ ဒီတသက်ဆပ်ကုန်တော့မှာ မဟုတ်ပါဘူး။

ကြွေ့ကို သမီးအရင်းလို စောင့်ရှောက်ပေးတဲ့ ဦးလေးနဲ့ အန်တီ ကျေးဇူးတွေ အရမ်းဂရုစိုက်ပေးတဲ့သာယာ ရဲ့ ကျေးဇူးတွေ ကြွေ အလေးထားပါ့မယ်။

"ဒေါက်တာ ...ဘာတွေ တွေးနေတာလဲ ."

"ဒီလိုပါပဲ နှောင်းငယ်ရယ် ...အော် ဒါနဲ့ မနေ့က ကားတိုက်မှုနဲ့ရောက်လာတဲ့ လူနာ ဘယ်လိုနေလဲ သက်သာရဲ့လား .."

"ဟုတ် ဒေါက်တာ ..တချက်လောက် လိုက်ကြည့်ပေးပါ ."

ကြွေ လည်း ဖိုင်တွဲလေးကို ယူကာ ထိုလူနာ ရှိရာ သို့ သွားလိုက်သည်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now