အပိုင်း(26) final🌨️

5.8K 232 33
                                    

'ကြွေ သာယာနဲ့ရန်ကုန်ပြန်လိုက်ခဲ့ပါ ..'

တောင်တန်းလေးတွေ ပတ်ချာလည်ကာ ချယ်ရီပင်ကြီးကြီး တစ်ပင် အောက်မှာ သူနဲ့ ကြွေ စကားပြောကြသည်။ ကြွေကတော့ သူ့ရင်ခွင်လေးထဲမှာပေါ့။ရင်ခွင်ထဲကနေပဲ သူ့မျက်နှာလေးကို မော့ကြည့်လိုက်တယ်။ ပြီးတော့ သူ့မေးဖျားလေးကို နမ်းလိုက်သည်။

'သာယာ ...ကြွေလေ သာယာ့တို့အသိုင်းအ၀ိုင်းကို ကြောက်တယ် ..'

'ကြွေရယ် .. အဓိက က သာယာ ကြွေ့ကိုချစ်နေဖို့ပဲမလား
အဖေတို့ကို သာယာပိုင်ပါတယ် ...သာယာရဲ့ အချစ်ကို သာယာရှေ့ဆက်လျောက်ရမယ့် လမ်းကို သူတို့တားပိုင်ခွင့်မရှိပါဘူး ..အဖေက သူ့အမှားတွေကို လည်း ကြွေ့ကိုတောင်းပန်ချင်နေတာ ...ပြန်လိုက်ခဲ့ပါနော် ကြွေ '

ကြွေ သက်ပြင်းကို ဖွဖွလေးချကာ ..
တောင်ပေါ်ဒေသလေးကို ငေးကြည့်နေမိတယ်။
ဒီဒေသလေးက ကြွေ့အတွက် စိတ်ထွက်ပေါက်ဖြစ်ခဲ့တာ။
တောင်ပေါ်လူတွေက ဖော်ရွှေမှု ၊ ကြင်နာမှု ၊ ရိုးသားမှုတွေကြောင့် စိတ်ဓာတ်ခွန်အားရလာပြီး အသက်ဆက်ရှင်သန်နိုင်ခဲ့တာ။

'သာယာ အတိတ်မေ့နေစဉ် အတွင်းမို့
ကြွေ အခုလို ဒုက္ခတွေခံစားခဲ့ရတာပါ ..
နောက်ကိုလေ ဘယ်တော့မှ မဖြစ်စေရပါဘူးလို့
သာယာ ကတိပေးပါတယ် ..'

ကြွေ ဘာလုပ်သင့်လဲ။ နှောင်းကို ပြောလိုက်ရင် ရန်ကုန်ပြန်မယ့်အရေးကို သဘောတူမှာမဟုတ်။ သူက ဒီကလူတွေနဲ့ အရင်းရင်းနှီးပွင့်လင်းသော ဆက်ဆံရေးရှိသည်။ မျက်နှာလွဲ ကဲပစ် ရန်ကုန်ပြန်မယ်ဆိုပြီး ကြွေ တကိုယ်ကောင်းမဆန်ချင်ပါ။

'အွန်းပါ ...သာယာ ကြွေ အခုတော့မပြန်ချင်သေးဘူး..'

သူ့မျက်နှာလေး ညိုးနွမ်းသွားတော့ ကြွေစိတ်မကောင်းပါ။
သူက ရုပ်တရက်ပဲ ကြွေ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တော့
ကြွေ အရမ်းလန့်သွားသည်။ပြီးတော့ ကတ္တီပါဘူး အနီရောင်လေးကို ထုတ်ကာ ဖွင့်လိုက်တော့ စိန်လက်စွပ်လေးကို တွေ့ရတယ်။

'ကြွေ ...သာယာ့ကို လက်ထက်နိုင်မလားဟင် .?'

ပျော်ရွှင်မှု၊ ကျွန်မရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို ကြွေ့ရှာတွေ့လိုက်ပါပြီ။ ကြွေ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်လေးတွေ တွဲခိုလာကာ အပြုံးလေး တပွင့် ဖန်တီးလိုက်တယ်။

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now