အပိုင်း (4)

3.3K 260 3
                                    

ည...နွေဦးရာသီရဲ့ ည အစပိုင်းမို့ မြောက်လေ လေးတွေက တဖြူးဖြူးတိုက်ခတ်နေလေရဲ့။

အိမ်ရဲ့ ဝါးရံတာလေးမှာ ရွက်ကြွေ တယောက် ဆရာလယ်တွင်းသားစောချစ်ရဲ့ အောင်စိတ် ဆိုသောစာအုပ်လေးကိုင်တာ ...အတွေးတွေ နယ်ချဲ့နေမိသည်။

တခါတလေ ကျရင် လူ့ဘ၀ကြီးမှာ လူသားတိုင်းက ရတာမလို လိုတာမရ။ အခက်အခဲတွေ ကြုံလာရင် လွယ်လွယ်အားမလျော့တက်သော အောင်စိတ်ထားရန် လဲကျနေရင် ကိုယ့်အားကို ကိုယ်ကိုးပြီး ပြန်ထရန် ဆရာကြီး ရေးသားထားသည်။

ဆင်းဆင်းရဲရဲနဲ့ သိမ်သိမ်
ငယ်ငယ်ရှိသူတွေ၊ မိဘမရှိ
တဲ့သူတွေ၊ အဖေစုံ အမေစုံ
မရှိတဲ့သူတွေ၊ ဆင်းရဲတဲ့သူ
တွေ၊ အလွန်ရှက်တတ်တဲ့
သူတွေ၊ အလွန်ကြောက်တတ်
တဲ့သူတွေ......

အဲ့လိုလူတွေဟာ အလိုလိုနေ
ရင်းစိတ်အားသိမ်ငယ်နေတတ်
ကြတယ်....စိတ်အားနိမ့်ကျနေ
တတ်တယ်....ညံ့ဖျင်းသွားတတ်
ကြတယ်။....

တကယ်တော့ဘယ်သူမှသိမ်ငယ်
စရာမရှိဘူး....ကိုယ်ခန္တာ၊ ခြေ၊ လက်၊
မျက်စိ ကျန်းမာရေးကောင်းနေတဲ့လူ
တိုင်းဟာ အညွန့်တလူလူနဲ့ဟိုးထိပ်ဆုံး
ကိုရောက်နိုင်ကြတဲ့သူတွေချည်းပါပဲ...

(အဲ့ဒီအကြောင်းတွေကို ဆရာကြီးလယ်တွင်း
သား စောချစ်ဟောပြောခဲ့တဲ့ "အောင်စိတ်"
ဆိုတဲ့ဟောပြောပွဲဗီဒီယိုအသံဖိုင်လေးမှာ
တွေ့မြင်ကြရမှာမို့ ဗဟုသုတများတိုးပွား
လာစေဖို့ နားထောင်ကြရအောင်......)

ရွက်ကြွေ စာဖတ်ရတာ ဝါသနာပါသည်။စာရေးဆရာ တောာက်လည်း ဖြစ်ချင်ခဲ့သည်။ရည်မှန်း ချက်ထားချင်ပါသော်လည်း
အခု ကြုံနေရတဲ့ အခက်အခဲ ကြောင့် စိတ်ညစ်မိသည်။

"ဟဲ့ ရွက်ကြွေ .."

"ဟုတ် ရှင် ..ဦးလေး ရွက်ကြွေကို ဘာခိုင်းစရာရှိလို့လဲဟင်."

"အေးဟာ ...အရေးကြီးတယ်..
နင် ..ပညာတတ်ချင်လား ..."

"ရှင် .."

"တရှင်ရှင်နဲ့ ..နင် ..ဟို ကောင်မလေးနဲ့ မြို့ကို လိုက်သွားမလား ..သူက နင့်ကို ကျောင်းထားပေးမယ်တဲ့ ပြီးတော့ ဂေ့
ငါတို့ လင်မယားနှစ်ယောက်ကိုလည်း ..လစဉ် ပိုက်ဆံ ပေးမယ်တဲ့ အ့တော့ နင် လိုက်သွား .."

The fallen leaf 🍂(unicode + Zawgyi)_CompletedWhere stories live. Discover now