အတိတ်ကို အမှတ်ရတဲ့ နေ့ကစ၍ အရာအာလုံးက ၀မ်းနည်းစရာအတိ ဖြစ်ခဲ့၏ ....
ကြွေ ထင်သွားမှာပဲနော် ကိုယ်က သွေးအေးပြီး ရက်စက်တတ်တဲ့လူလို့။ အထင်လွဲမှုကြီးပါကွာ လို့ ရှင်းပြချင်ပေမယ့် ဘယ်တွေ ရောက်နေလဲ ကြွေရယ်။
ကားစီယာတိုင်ကို လက်ဖြင့်တင်းနေအောင် ဆုပ်ကိုင်ထားလိုက်သည်။ အခုအချိန်မှာ သွားရန် အသင့်တော်ဆုံးနေရာ မေးရန် အကောင်းဆုံး နေရာမှာ ဝါလေးရဲ့ အိမ်မဟုတ်လား။
'ဟင် မမသာယာလား ...??'
လူခေါ်ဘဲလ်ကို နှိပ်လိုက်လို့ တံခါးလာဖွင့်ပေးသော ဝါလေး
သာယာကို မြင်တော့ အတော်အံ့သြသွာပုံပါပဲ။'လာ မမ ထိုင်ပါ ...'
သာယာလည်း ထိုင်ခုံပေါ်ထိုင်လိုက်သည်။ ကြွေက ဒီအိမ်လေးမှာ အကြာကြီး ခိုလှုံသွားတယ်တဲ့လား။ သူ့အငွေ့အသက်တွေ ခံစားမိတယ်။
'မမသာယာ .. ဘာကိစ္စရှိလို့လဲ ..!?'
သာယာ ကြိုတွေးထားပြီးသားပါ။ အားလုံး သာယာ့အပေါ်အထင်လွဲနေကြမယ်ဆိုတာ။ သက်ပြင်းကို ခပ်ဖွဖွလေး ချလိုက်ကာ🤨
'ဝါ တကယ်တော့ မမ က ဘာမှ သိခဲ့တာ မဟုတ်ဘူး
ဝါ မမ ခွဲစိတ်ပြီး အပြင်းအထန် ဖျားတယ်။ အဖျားပြီး 4 ရက်မြောက်တဲ့ နေ့ကျ မှတ်ဥာဏ်ထိခိုက်ပြီး အတိတ်မေ့ရောဂါ ဖြစ်တယ် ..မမ ဘာဆို ဘာမှ မမှတ်မိခဲ့တာ ပါ...'သာယာ ရှင်းပြတော့ ဝါက ရီတယ်။
'မမသာယာရယ် ...အကြာကြီးနော် အတိတ်မေ့တာလွန်လွန်းပါတယ် မမကြွေ ဘယ်လောက်တောင် ဒုက္ခတွေ ရင်ဆိုင်ခဲ့ရလဲ မမသိရဲ့လား ...'
သာယာရဲ့ မျက်ရည်တွေက အောက် ကြမ်းပြင်ပေါ်မှာ ကျနေလေပြီ။
'ကားAccident ဖြစ်ပြီး..ခိုကိုးရာမဲ့နေတဲ့ ဒုက္ခိတကို
အိမ်ပေါ်က ဇွတ်ဆင်းခိုင်းတယ် ..ရန်ကုန်မှာ နေလို့မရအောင်လည်း အမ်ျိုးမျိုးနှောက်ယှက်တယ် . မမတို့ အသိုင်းအ၀ိုင်းက သိပ်ကြောက်ဖို့ကောင်းတာပဲ ..လူတစ်ယောက်ရဲ့ ဘ၀ကို ရိုက်ချိုးခဲ့တာ ..''ပြောပါ ဝါ ကြိုက်သလို ပြောပါ ..
မမ မှ ဘာမှ မသိခဲ့တာ ဝါရယ် အဖေ အားလုံးကို စီစဉ်ခဲ့တာ
အဓိက တရားခံ က အမရာ သူ့ကြောင့် အဖေ အထင်လွဲပြီး အခုလို ကမောက်ကမတွေ ဖြစ်ကုန်တာ . မမတောင်းပန်ပါတယ် ဝါရယ်
ကြွေ ဘယ်မှာလဲ ဆိုတာ မမကို ပြောပြပါနော် ..'
YOU ARE READING
The fallen leaf 🍂(unicode + Zawgyi)_Completed
Fanfictionချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC) ချစ်ခြင်းမေတ္တာ ဆိုတာ ပျော်ရွှင်မှုတဲ့လေ.. ကျွန်မတို့ပျော်ရွှင်မှု အတွက် အချစ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမှာပဲလေ ...(OC)